ဖိလစ်ပိုင် မြို့တော်မနီလာအနီးမှာ မီးတောင်ပေါက်ကွဲ

Photo – ABC

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီးက အသေးစားမီးတောင်တခု ပေါက်ကွဲမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားပြီး အနီးက ဒေသခံထောင်ချီကိုလည်း ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ 

၃၁၁ မီတာ အမြင့်ရှိတဲ့ Taal  မီးတောင်ဟာ ဒီနေ့ မတ်လ ၂၆ရက်နေ့ မနက်ပိုင်းက အဖြူရောင်မီးခိုးတွေနဲ့ ပြာမှုန်တွေ မှုတ်ထုတ်နေပါတယ်။ 

အဲဒီမီးတောင်ပေါက်ကွဲမှုကို အရေးပေါ်သတိပေးချက်အဆင့် ၅ခုရှိတဲ့အနက် အဆင့် ၃ သတ်မှတ်ထားပြီး မီးတောင်ထိပ်ဝမှာ ချော်ရည်ပူတွေ စီးကျနေတာကြောင့် နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဗေဒဆိုင်ရာအဖွဲ့က ပြောပါတယ်။

မီးတောင်အနီးမှာရှိတဲ့ ရွာငါးရွာက ဒေငခံတွေကိုလည်း ဘေးလွတ်ရာရွေ့ကြဖို့ တိုက်တွန်းထားပြီး မီးတောင်ဆူနာမီနဲ့ ဓာတ်ငွေ့တွေ ပျံ့လွှင့်လာတဲ့ အန္တရာယ်ကို ကြိုတင်သတိပေးထားပါတယ်။ 

Taal မီးတောင်ဟာ ၂၀၂၀ ဇန်နဝါရီလကလည်း ပေါက်ကွဲမှုဖြစ်လို့ လူသောင်းချီ ဘေးလွတ်ရာရွေ့ပြောင်းခဲ့ရပြီး မီးတောင်ကထွက်တဲ့ ပြာမှုန်တွေဟာ မြို့တော် မနီလာအထိ ပျံ့လာခဲ့လို့ လေဆိပ်တွေယာယီပိတ်ထားခဲ့ရပါတယ်. 

ဖိလစ်ပိုင်ဟာ Ring of Fire လို့ခေါ်တဲ့ ပစိဖိတ် သမုဒ္ဒရာအစွန်းက မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတာကြောင့် ငလျင်ဒဏ်တွေကို ခကြာခဏ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။