ရန်ကုန်တိုင်းအတွင်း တပ်မဟာတစ်ခုအဖြစ် ပိုမိုထိရောက်အားကောင်းတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့ကို မဟာမိတ် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။
အဲဒီအဖွဲ့၁၁ ဖွဲ့ထဲမှာ မြို့နယ်အခြေပြုအဖွဲ့တွေနဲ့ မြို့ပြယူဂျီပြောက်ကျားအဖွဲ့တွေ ပါဝင်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို လူသူလက်နက်နဲ့ ဉာဏ်စွမ်းပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
‘ကျွန်တော်တို့ ရာနှုန်းပြည့် ယုံကြည်မှုရှိကြတဲ့ အဖွဲ့တွေဦးစားပေးစုစည်းပြီး ရန်ကုန်တိုင်းအတွက် တပ်မဟာတစ်ခုအနေနဲ့ စတင်လိုက်တာပါ။ နောင်လည်း ရသလောက်ကို စုစည်းသွားမယ်’ လို့ ရန်ကုန်တိုင်း သုံးခွမြို့အခြေစိုက် Thongwa Youth Force ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မဟာမိတ်အဖွဲ့ ၁၁ ဖွဲ့ထဲမှာ (၁) Wolf Warriors STF (WWSTF)၊ (၂) God´s Hand Forces (GHF)၊ (၃) Thongwa Youth Force (T.Y.F)၊ (၄) Kyauktan PDF (KPDF)၊ (၅) Scorpion Force Underground (SFU)၊ (၆) Bahan´s Guerrilla Force (B-PDF)၊ (၇) Secret Underground Force – Kyauktan (SUF-Kyauktan)၊ (၈)Burmese Final Revolution Amred Force (BFRAF)၊ (၉) ဒို့ရိုးရာ ညီနောင်ပျောက်ကျားတပ်ဖွဲ့ (TYY)၊ (၁၀) Special Nway Oo (SNO) နဲ့ (၁၁) Thaketa´s Urban Guerrilla Force (TUGF) တို့ ပါဝင်ပါတယ်။