သန်လျင်ပြည်သူကို ဒုက္ခပေးနေတဲ့ ပျူတစ်ဦးနဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ ပျူစောထီးအဖွဲ့၀င်နဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပျူစောထီးအဖွဲ့ဝင် ဂဏန်းဆိုသူကို ပြည်သူကို ဒုက္ခမပေးဖို့ သန်လျင်ပကဖက သတိပေးစာ ထုတ်ပြန်ခဲ့ပေမဲ့ မရပ်တဲ့အပြင် လာရှင်းပါလို့ စိန်ခေါ်နေတဲ့အတွက် သန်လျင်ပကဖက ယမန်နေ့ည ၆ နာရီ ၄၅ မိနစ်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းမီဒီယာက ဖော်ပြပါတယ်။
ဂဏန်းနဲ့အတူရှိနေတဲ့ အကြမ်းဖက်စစ်သားတစ်ဦးကသေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် နှစ်ဦးစလုံးကို ရှင်းလင်းခဲ့ကြောင်း သန်လျင်ပကဖက ထုတ်ပြန်ပါတယ်။
ဘယ်နေရာမှာ ရှင်းလင်းခဲ့သလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။
ပြည်သူကို ဒုက္ခမပေးရင် ဘာမှမလုပ်ဘူးလို့ သန်လျင် ပကဖ က ဆိုပါတယ်။