ခရမ်းမြို့နယ်ထွေအုပ်ရုံး ၄၀(မမ)လောင်ချာနဲ့ တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၄၄(မမ)အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက် ၁၁နာရီမိနစ်၂၀မှာ ခရမ်းPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးအဆောက်အဦ မျက်နှာကျက်တွေကွာကျခဲ့ကာ ရုံးအနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
တိုက်ခိုက်ခံရချိန်မှာ အကြမ်ဖက်စစ်သားနဲ့ အုပ်ချုပ်ရေးမှူးတွေ ကြောက်လန့်တကြားထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
‘ထိခိုက်မှုတစ်ယောက်ပဲရှိပေမဲ့ ခရမ်းမြို့ပေါ်က စစ်ခွေးအုပ်ချုပ်ရေးပင်မစခန်းတောင် လုံခြုံမှုမရှိတော့ဘူးဆို တဲ့ အသိမျိုးဝင်သွားကြပြီလေ။စစ်ခွေးတွေရော အုပ်ချုပ်ရေးကကောင်တွေရော ရူးချင်ချင်ဖြစ်နေကြပြီ။ထွေအုပ်ရုံးကို ထောင်လို အုတ်တံတိုင်းအမြင့်ကြီးကာနိုင်ရင်ကာလို့ ခရမ်းPDF ကဗုံးသီးတစ်လုံးပစ်ပြီး မက်ဆေ့ပေးလိုက်တာ’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းထွေအုပ်ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တပ်စွဲနေရာယူထားတဲ့အပြင် ဒလန်အုပ်ချုပ်ရေးမှူးအများစု ပုန်းခိုနေ​တဲ့ နေရာလည်းဖြစ်ကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။
ခရမ်းထွေအုပ်ရုံး တိုက်ခိုက်ခံရတဲ့အချိန် ၁၁နာရီမိနစ်၂၀မှာပဲ အကြမ်းဖက်စစ်သားတွေရောက်နေတဲ့ ခရမ်း မြို့ ကံသာဘုန်းကြီးကျောင်းနားမှာလည်း ဗုံးပေါက်ကွဲခဲ့ပါတယ်။
‘ဒီနေ့ကံသာကျောင်းမှာ ကျောင်းရေစက်ချပွဲရှိလို့ စခ အကောင်ကြီးကြီးတစ်ကောင်လာလို့ စခတော်တော်များ များလုံခြုံရေးယူပေးနေတဲ့အချိန်မှာပေါက်ကွဲတာ’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
ကံသာကျောင်းအနီး ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သားတွေထိခိုက်သေဆုံးမှုမရှိဘူးလို့ ခရမ်းချန်နယ်က ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခရမ်းမြို့အဝင်အထွက်ကို ပိတ်ထားတယ်လို့သိရပါတယ်။