ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ ဦးထက် သေဆုံးခဲ့တယ်လို့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၈ နာရီခန့်မှာ သုံးမြို့နယ်နယ်စပ်ကို ဝင်ရောက်လာတဲ့ စစ်အုပ်စုကို ဂဠုန်တပ်တော် တပ်ရင်း(၃) (ခရိုင်တပ်ရင်း-၂၁ BLACK ARMYတပ်ရင်း)၊ ဂဠုန်တပ်တော် တပ်ရင်း (၂) ဂဠုန်တပ်တော် တပ်ရင်း (၄) က တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုဟာ မင်းဆွေနှစ်ကျေးရွာမှာ ကျဆုံးခဲ့ရတဲ့ ဂဠုန်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် လက်တုန့်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။