ဘုန်းကြီးလက်ထဲ သေနတ်ထိုးထည့်ပေးတဲ့ အာဏာရှင်

ဇာတ်ရဲ့အစဟာ ၂၀၁၂ခုနှစ်ထဲကဖြစ်တယ်။၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၉၉ရာခိုင်နှုန်းလောက်အနိုင်ရခဲ့ခြင်းက စစ်အုပ်စုကို မျက်ပြူးဆန်ကာဖြစ်စေခဲ့တယ်။လွှတ် တော်နိုင်ငံရေးထဲရောက်ရှိလာပြီဖြစ်တဲ့NLD ကို စစ်တပ်အမတ်၂၅ရာခိုင်နှုန်းအသာစီးရယူထားပေမဲ့ သွေးရိုး သားရိုးယှဉ်ပြိုင်အနိုင်ရပါ့မလားဆိုတဲ့ မေးခွန်းကို အာဏာရှင်လူတစ်စုကြား အသဲအသန်ဖြေဆိုခဲ့ကြပုံရတယ်။

ပြီးတော့ရိုးသားကြိုးစားဘဝနဲ့ အာဏာကိုရဖို့ရာမသေချာလောက်ဘူးဆိုတဲ့အဖြေအရ အာဏာရှင် တို့ရဲ့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ လူမျိုးဘာသာ အစွန်းရောက်ခြင်းကို လွှင့်ထူဖို့ အားထုတ်ကြတော့ တယ်။ရခိုင်ပြည် နယ်က နာမည်ကျော်ကျောက်နီမော်ပြဿနာဟာ သွေးရိုးသားရိုးဖြစ်ခဲ့ပုံရပေမဲ့ အဲဒီနောက် ပိုင်း ဖြစ်ပေါ်ခဲ့ တဲ့ လူမျိုးဘာသာအကြောင်းပြု အကြမ်းဖက်မှုဟာ စစ်အုပ်စုရဲ့မရိုးသားတဲ့နိုင်ငံရေး ရည်ရွယ် ချက်ကို စတင် ဖော်ဆောင်ခြင်းလို့နားလည်မိတယ်။

အဲဒီကာလစစ်တစ်ပိုင်းဒီမိုကရေစီမှာ စစ်အုပ်စုရဲ့ နိုင်ငံရေးအရေခြုံကြံ့ဖွံ့ပါတီက အစိုးရအာဏာကို ဆုပ်ကိုင်ထားသလို စစ် အုပ်စုရဲ့ ပင်မအရင်းအမြစ်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ဆိုတာလည်း တစ်ဖင်တည်းက နေ ဆင်းလာတဲ့ တစ် ဂိုဏ်းတည်းသား ချင်းမို့ တိုင်းပြည်တွင်းစိတ်ကြိုက်ချယ်လှယ်ခွင့်ရနေတဲ့အချိန်ဖြစ် တယ်။

ဒါ့ကြောင့် လူမျိုးဘာသာအကြောင်းပြအကြမ်းဖက်မှုဟာ ရခိုင်ရိုးမကိုအလွယ်တကူဖြတ်ကျော်လာ ကာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စိတ်ကြိုက်မွှေနှောက်ခွင့်ရခဲ့တယ်။မိတ္ထီလာ၊မန်းနဲ့လားရှိုး…. လူမျိုးဘာသာအ ကြောင်းပြ လူသတ်လိုင်စင်နဲ့ မြို့ကြီးတွေကို မီးလောင်တိုက်သွင်းဖို့ အာဏာကုန်လွှဲအပ်ခံထားရသလို ဘယ်ကမှန်းမသိတဲ့အကြမ်းဖက်သမားတွေကထင်ရာ စိုင်းခဲ့ကြတယ်။

မိတ္ထီလာအကြမ်းဖက်မှုကို မျက်မြင်တွေ့ခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တချို့ပြောပြချက်အရ ဓား ထမ်းထားတဲ့အကြမ်းဖက်သမားတွေဟာ မွတ်ဆလင်အိမ်၊မြန်မာအိမ်မခွဲ မီးရှို့နေကြပေမဲ့ သူတို့အနီးမှာရှိ တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ကိုတင်းတင်းဆုပ်ပြီးကျောက်ရုပ်တွေလိုရပ်နေခဲ့ကြကြောင်းသိရ တယ်။ မြို့တိုင်းရွာတိုင်းဟာ ဘယ်နေ့ကိုယ့်မြို့မီးလောင်တိုက်အသွင်းခံရမလဲ တထိတ်ထိတ်။ဘယ်ကမှန်းမသိတဲ့လူ မျိုး၊ဘာသာအယောင်ဆောင်အကြမ်းဖက်သမားတွေက အလစ်အငိုက်မှာ ရောက်လာတတ်သမို့ ပြည်သူတွေ ကိုယ့်မြို့ကိုယ့်ရွာကို မျက်လုံးဒေါင့်ထောက်ကြည့် စောင့်ရှောက်ခဲ့ကြရတယ်။

၂၀၁၂ခုနှစ်တစ်လျှောက်လုံး ဝရုန်းသုန်းကားနေ့တွေကို ဖြတ်သန်းခဲ့ကြပြီးနောက် စုစည်းမိလာတဲ့ အစွန်းရောက်တွေဟာ ပြည်သူတွေရဲ့အလောင်းတွေနဲ့ချေမွခံရတဲ့ဘဝတွေပေါ် အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်မယ်ဆိုတဲ့  ‘မဘသ’အဖွဲ့ကြီးအဖြစ်တည်ထောင်လိုက်ကြတယ်။

စစ်အုပ်စုနဲ့ပလူးချင်တဲ့ဘုန်းကြီးတွေ၊သွေးရိုးသားရိုးကျပ်မပြည့်လို့ လူမျိုလိုလိုဘာသာလိုလိုနဲ့ မောက် မာနေတဲ့ဘုန်းကြီးတွေနဲ့ စစ်တပ်ခိုင်းတာလည်းလုပ်၊ကိုယ့်အတွက်ကျန်အောင်လည်းအမြတ်ထုတ်မယ်ဆိုတဲ့နုံ ချာလွန်းလှတဲ့ ဉာဏ်ရည်တွေဟာအဲဒီ မဘသမှာ စုစည်းမိကြတယ်။အထောက်အထားမခိုင်လုံပေမဲ့ သက် ကြီးဝါကြီးဩဇာလည်းကြီးတဲ့ မဘသဘုန်းကြီးတချို့ဟာ သူတို့ရဲ့လက်တံကို နိုင်ငံရေးအာဏာအထိပေါက် ရောက်အောင်ဖြန့်ကျက်ချင်တဲ့ တိတ်တိတ်ပုန်းပုဂ္ဂလိကရည်မှန်းချက်ကြီးလည်းရှိပုံပေါ်တယ်။ဘယ်သူတွေ ဘာပဲမျှော်လင့်၊ မဘသရဲ့ လက်တွေ့ဘဝကတော့စစ်အုပ်စုရည်ရွယ်ချက်အတိုင်း အာဏာရှင်စနစ်ကိုအလုပ်အ ကျွေးပြုရတာပါပဲ။

အားလုံးသိကြတဲ့အတိုင်း ကြံ့ဖွံ့က လွှတ်တော်လမ်းကြောင်းကနေ မဘသဥပဒေကို ပြဌာန်းပေးလိုက် တယ်။အပြန်အလှန်အနေနဲ့ မဘသ က ၂၀၁၅ရွေးကောက်ပွဲမှာလူမျိုးဘာသာခေါင်းစဉ်တပ်  ကြံ့ဖွံ့အနိုင်ရရှိ ရေးအတွက် လှုံ့ဆော်ပေးရတယ်။

မဘသဘုန်းကြီးတွေက မျိုးစောင့်ဥပဒေအောင်ပွဲဆိုပြီး တစ်နိုင်ငံလုံးအနှံ့ခြိမ့်ခြိမ့်သဲကျင်းပကာ ဒေါ် အောင်ဆန်းစုကြည်နဲ့ NLDကိုအပုပ်ချခဲ့တယ်။ပြောရရင်ဗုဒ္ဓဘာသာတို့အထွတ်အမြတ်ထားရာ ဘာသာရေးစင် မြင့်ထက်ကနေ လိမ်ညာဝါဒဖြန့်ခြင်းတွေနဲ့ ဘုရားရဲ့သားတော်ဆိုသူတချို့က ကိုယ့်ဘာသာရေးကိုယ် ယုတ် မာပက်စက် ဖျက်ဆီးရဲခဲ့ခြင်းဖြစ်တယ်။

ဒါပေမဲ့ ဘာတွေကိုဘယ်လိုပဲဟောဟော မြန်မာပြည်သူတေွက ကြံ့ဖွံ့ရောမဘသကိုပါ အယုံအကြည် မရှိ ကြောင်း ၂၀၁၅ရွေးကောက်ပွဲမှာ NLDအစိုးရဖွဲ့နိုင်တဲ့အထိ လက်သန်းမင်စွန်းခြင်းနဲ့ သက်သေပြခဲ့ကြ တယ်။ အခြေခံဥပဒေပြဌာန်းချက်နဲ့စစ်တပ်၂၅ရာခိုင်နှုန်းအသာစီးယူထားတာတောင် အနိုင်မရတဲ့အာဏာ ရှင်တွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့NLD ပေါင်းပြီးမဲခိုးပါတယ်လို့အကြောင်းပြရအောင်လည်း ကော်မရှင်ဥ က ္ကဌ ဆို တာ သူတို့ခန့်ထားတဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဖြစ်နေ။NLDက မတရားအာဏာသုံးအနိုင်ယူခဲ့ ပါ တယ် လို့ ပြော ရ အောင်ကလည်း အာဏာကကြံ့ဖွံ့လက်ထဲမှာမို့ အကြောင်းပြချက်မဲ့ရ။ဒီလိုနဲ့စစ်အုပ်စုဟာ မျက်နှာ ပျက်ပျက် အရှက်ကြီးကြီးနဲ့ပဲ NLDကိုအာဏာအပ်လိုက်ရတယ်။

NLDအာဏာရပြီးခါစ ဘာဆက်လုပ်ရမှန်းမသိတဲ့စစ်အုပ်စုဟာ သိပ်မကြာခင်မှာပဲ မဘသ တွေကို ထပ် ထုတ်ရှိုးလို့ တိုင်းပြည်ရှေ့ဆက်တိုးမဖွံ့ဖြိုးရလေအောင် တစ်ထောင့်တစ်နေရာကနေ ခြေထိုးခံခိုင်းတော့ တယ်။လူမျိုးလိုလိုဘာသာလိုလိုနဲ့ မြို့ကြီးတွေမှာ အဓိကရုဏ်းတွေဖြစ်ပေါ်လာစေရေးအတွက် အစွမ်းကုန် အားထုတ်ခဲ့သလို စစ်အုပ်စုအာဏာပိုင်တဲ့ရဲတပ်ဖွဲ့ကလည်း မဘသ ဆို စွမ်းစွမ်းတမံ  အကာအကွယ်ပေး ခဲ့တယ်။ပြောရရင် အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့အလိုဆန္ဒအတွက် လူမျိုးဘာသာအ ခြေခံ အကြမ်းဖက် အသွင်ဖြစ်အောင် ဖန်တီးပြီး အသုံးချခဲ့တယ်။

၂၀၂၀ရွေးကောက်ပွဲအပြီးပြည်သူ့အာဏာကို ရိုးသားတဲ့နည်းနဲ့ ဒီတစ်သက်ရလမ်းမမြင်တော့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နောက်ဆုံးတော့ အရှက်အကြောက်ကင်းစွာနဲ့ အာဏာသိမ်းခဲ့တယ်။အာဏာသိမ်း ပြီးနောက်သိပ်မကြာ ပြည်သူကို အကြမ်းဖက်ခန်းတွေမှာ သုံးနေကျ ပွန်းကောင်လေးတွေဖြစ်တဲ့ မဘသကို ဆက်သုံးခဲ့ပေမဲ့ မဘသလည်းမဖြုံ စစ်တပ်လည်းမဖြုံတဲ့ပြည်သူနဲ့ ရင်ဆိုင်လာရတဲ့အခါ အကြမ်းဖက်စစ်တပ် ဟာမဘသ ကိုခေါက်ပြီး သူတို့ကိုယ်တိုင်ပြည်သူကို ဗြောင်သတ်တော့တယ်။

ဒါပေမဲ့ အာဏာသိမ်းပြီး ၆လကျော်ကစလို့ ပြည်သူ့ခုခံတော်လှန်စစ်အရှိန်ကောင်းလာသလို နေ့စဉ် တဖြုတ်ဖြုတ်သေနေတဲ့ အကြမ်းဖက်စစ်သားတွေနေရာ အစားထိုးစရာပါးရှားလာခြင်းနဲ့ ပြည်သူတွေကြားထဲ ကနယ်မြေခံမွေးမြူရေးအစီအစဉ်အရ ပျူစောထီးတွေကို မွေးလာတဲ့အခါ မဘသ တွေပျူစောထီးဖြစ်လာရ ပြန်တယ်။

အကြမ်းဖက်စစ်တပ်ရဲ့အသုံးချခံအဖြစ် ပျူစောထီးတွေကို ပြည်သူအပေါ်လူသတ်၊လုယက် လုပ်ချင် တိုင်းလုပ်ခွင့်လိုင်စင်ပေးကာ အသုံးချခြင်းဖြစ်တယ်။အဆိုးဆုံးအခြေအနေကတော့ ပျူစောထီးတွေထဲမှာ သေနတ်လွယ်ထားတဲ့ သင်္ကန်းဝတ် မဘသဘုန်းကြီးတွေကိုပါ တွေ့လာရခြင်းပါပဲ။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာက မဘသ ဘုန်းကြီး နန္ဒစာရ ဆိုသူဟာပျူစော ထီးခေါင်းဆောင်၊သေနတ်လွယ်ထားတဲ့အဲဒီဘုန်းကြီးရဲ့ပုံကို တွေ့ရတယ်။ပြီးတော့ သေနတ်ပစ်သင်တန်းတက် နေတဲ့ ဘုန်းကြီးတွေကိုလည်းမြင်ရ။ ပုလဲမြို့နယ်၊အင်မထီးရွာကမဘသဘုန်းကြီးလို့ဆိုသူ ၆ဦးဆိုရင်လည်း ဘုန်းကြီးဘဝနဲ့ သေနတ်လွယ်ခွင့်ရတာကိုပဲ ကြီးကျယ်ခန်းနားနေသလို။

အကြမ်းဖက်စစ်တပ်က ဘုန်းကြီးတွေတောင်သူတို့ဘက်ကနေ ကူတိုက်ပေးနေပြီဆိုတာမျိုး ဝါဒဖြန့် ချင်တာလား၊ဘုန်းကြီးမှာ နောက်လိုက်အင်အားရှိတာကြောင့်လားမသိ။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အာဏာရှင် တွေဟာ မဘသတွေကို အကြမ်းဖက်အဖွဲ့ဖြစ်စေခဲ့ရုံတင်မက အခုဘုန်းကြီးတွေလက်ထဲ လူသတ်လက်နက် ထည့်ပေးကာ သူတို့အကျိုးစီးပွားအတွက် ဗုဒ္ဓဘာသာကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးပစ်ခဲ့တာပါပဲ။ထပ် ပြောရမယ်ဆိုရင် စိတ်နဲ့တစ်ပါးသူနာကျင်စေတာကိုတောင် ခွင့်မပြုတဲ့ ထေရဝါဒရဲ့ အကြွင်းမဲ့မေတ္တာတော်ကို အာ ဏာရှင်တွေက ကမ္ဘာမြင်တဲ့အထိ ချနင်းပစ်လိုက်တာပါပဲ။

အာဏာရှင်တွေဟာ အဓမ္မကိုဆန့်ကျင်တဲ့သံဃာတွေကိုသူတို့အကျိုးစီးပွားအတွက် ရိုက်နှက်သတ် ဖြတ် ထောင်သွင်းအကျဉ်းချနေသလို သူတို့ကိုထောက်ခံတဲ့ဘုန်းကြီးတွေလက်ထဲကိုလည်း သူတို့အကျိုး စီး ပွားအတွက်သေနတ်ထိုးထည့် ပြီး ဗုဒ္ဓရဲ့တရားကိုယ်ကို ဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်။

ဒါကိုနောက်တစ်မျိုးထပ်ပြောရရင် မင်းအောင်လှိုင်ဟာ သူမလုပ်ရဲတာဘာမှမရှိကြောင်း နောက်ထပ် သက်သေပြလိုက်တာပါပဲ။

ခက်တာက အာဏာရှင်ကိုးကွယ်ခံရဖို့အတွက် ပြည်သူကိုသတ်လည်း မသိချင်ယောင်ဆောင်နေသူ တွေဟာ အခုလည်းရေငုံနှုတ်ပိတ် ထပ်အိပ်ချင်ယောင်ဆောင်နေကြပုံရတယ်။

လင်းခေတ်