ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ လက်မွန်- ခါးပန်လမ်းပိုင်း၊ လက်မွန် – ကျော့တော်လမ်းပိုင်း၊ အညာကတင်း-ကန်းလောင်းလမ်းပိုင်းနဲ့ ဆော- ကန်ပက်လက်လမ်းပိုင်းတွေကို အသုံးမပြုဖို့ CDF- Kanpetlet က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကန်ပက်လက်မြို့နယ်အတွင်းကို အင်အား ၁၅၀ စီခန့်ပါတဲ့ စစ်ကြောင်းကြီးသုံးကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် CDF- Kanpetlet နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ခုခံနေရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေမှု အသေးစိတ် အခြေအနေနဲ့ ပက်သက်ပြီး CDF- Kanpetlet က သတင်းထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။