ယင်းမာပင် မြေပြင်အခြေအနေ တင်းမာနေ

စစ်ကိုင်းတိုင်းကနီမြို့နယ်အတွင်း ပြည်သူ့နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်တပ်ဟာ ယင်းမာပင် ဘက်ကို ထွက်ခွာလာနေတာကြောင့် မြေပြင်အခြေအနေတင်းမာနေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ် ပေါင်းစု က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အင်အား ၁၀၀ လောက်ဟာ ဒီနေ့မနက်၈နာရီလောက်မှာ ကနီမြို့နယ်၊ချောင်းမရွာကနေ ထွက် ခွာလာပြီး ချင်းတောင်ကိုဖြတ်ကာ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာကို ဦးတည်လာနေကာ ဘန့်ဘွေး(ရွာမ) ရွာထဲမှာ တစ်ပတ်လောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
‘ကျွန်တော်တို့လည်းချင်းတွင်းရိုးမက ထုတ်ပြန်ထားသလိုပဲ ချောင်းမကထွက်လာတဲ့တပ် ဘန့်ဘွေးမှာလာ ပေါင်းမယ်လို့တွက်ထားတယ်။နှစ်ဖွဲ့ပေါင်းထားတဲ့အင်အားဆိုတော့ ဘန့်ဘွေးအနီးဝန်းကျင်ရွာတွေကို ပိုဒုက္ခပေးနိုင်တာပေါ့’လို့ ယင်းမာပင်မြို့နယ်အတွင်းရှိ PDFခေါင်းဆောင်တစ်ဦးကပြောပါတယ်။
မတ်လ ၅ ရက်နေ့ည ၁၁ နာရီကျော်လောက်က အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကနီမြို့နယ်၊ချောင်းမ ရွာကိုမီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ-ချင်းတွင်းရိုးမရဲဘော်တွေ