ဆင်တောင်ကျေးရွာမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ အလောင်း ၃လောင်းတွေ့

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်တစ်ခုအတွင်း မီးရှို့ခဲ့တဲ့ အလောင်း ၃လောင်းကို တွေ့ရှိရတယ်လို့ KNDF ဖယ်ခုံဇုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့မှာ KNDF ဖယ်ခုံဇုံက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ အခုလို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။
မီးရှို့ခံထားရတဲ့ အလောင်း ၃လောင်းဟာ အရပ်သားပြည်သူတွေဖြစ်ပြီး ရိက္ခာပြန်လည်ယူစဉ်မှာ စစ်အုပ်စုဖမ်းဆီးသတ်ကာ မီးရှို့ခဲ့တာပဲဖြစ်ပါတယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ ကရင်နီပြည် ရဲဌာနက စုံစိမ်းစစ်ဆေးနေပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကရင်နီပြည်နယ်အတွင်းမှာ စစ်ကြောင်းကြီး ၃ကြောင်း အရံစစ်ကြောင်းများစွာနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။