မန္တလေးမြို့ ၇၃ လမ်း ၁၀၇ လမ်းထောင့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီးဖောက်ခွဲခံရပြီး ထိခိုက်ဒဏ်ရာ ရရှိများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ၂၅ မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ စစ်ကားတစ်စီးကို Mandalay Youth Special Forces — MYSF အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။