မြစ်ကြီးနား-ပူတာအိုလမ်းမှာ စက်သုံးဆီနဲ့ ကုန်တင်ကားတွေ ပြန်လည်ဖြတ်သန်းခွင့်ပြု

အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊ PDF တွေအကြား စစ်ရေးတင်းမာနေခဲ့တာကြောင့် ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့ မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအိုလမ်းကို မတ်လ ၂ရက်နေ့က စတင်ပြီး စက်သုံးဆီနဲ့ ကုန်တင်ယာဉ်တွေ ပြန်လည်သွားလာခွင့် ပြုလိုက်ပြီဖြစ်တယ်လို့ ပူတာအို PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုနဲ့ စစ်ရေးတင်မာနေတာကြောင့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အထိ မြစ်ကြီးနား-ပူတာအိုလမ်းကို ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တာပါ။
ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပေမဲ့ ခရီးသည်တင်ဆောင်တာ၊ စစ်တပ်ထုတ်ကုန်တွေကို တင်ဆောင်တာနဲ့ စစ်အုပ်စုရဲ့ ကုန်ပစ္စည်း လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုတော့ သယ်ယူခွင့် မပြုဘူးလို့ သိရပါတယ်။
ဖြတ်သန်းသွားလာမယ့် မော်တော်ယာဉ်တွေအနေနဲ့လည်း မနက် ၆နာရီကနေ ညနေ ၅နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့ ပူတာအို PDF က အသိပေးထားပါတယ်။
ပူတာအိုမြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဖုန်းလိုင်းဆက်သွယ်ရေးတွေပါ အချို့နေရာတွေမှာ ပြတ်တောက်နေခဲ့ပါတယ်။