ဒီနေ့ကစပြီး ပုဂ္ဂလိကပိုင် ဆန်ကား၊ စပါးကား ဖြတ်သန်းခွင့်မပြုတဲ့ လမ်း ၃ လမ်းကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အတွင်းရှိ ရေဦး-တမတောလမ်း၊ ရေဦး-တန့်ဆည်လမ်းနဲ့ ရေဦး-မုံရွာလမ်းပေါ် ဆန်ကားနဲ့စပါးကားတွေ မဖြတ်ဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ PDF တွေအနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘာ့ကြောင့် ဖြတ်သန်းခွင့်မပြုသလဲဆိုတာနဲ့ ဘယ်နေ့အထိဖြတ်သန်းခွင့်မပြုသလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။