မန္တလေးမြို့ လက်ကောင်းရွာမှာ စစ်အုပ်စုသတင်းပေးဆိုသူတစ်ဦး ရှင်းလင်းခံရ

မန္တလေးမြို့ လက်ကောင်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု သတင်းပေးလို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ ၃နာရီ၃၀မိနစ်ခန့်မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေတဲ့ ကိုစိုးငယ်ဆိုသူကို Mandalay Youth Special Forces — MYSFက သေနတ်နဲ့ သုံးချက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရှင်းလင်းခံရသူ ကိုစိုးငယ်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေ အကြောင်းမဲ့ ဖမ်းဆီးစေတာတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို ပေးနေတာတွေကြောင့် စာပေးပို့ သတိပေးတာ ခြောက်လှန့် ဗုံးဖောက်ခွဲတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဆက်လက်လုပ်ဆောင်နေခဲ့တာကြောင့် အခုလို ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။