ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” လူထုသပိတ်တိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲ

Photo – လူငယ့်ခေတ်
မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်းမပြုဖို့ ဒီနေ့ဖေဖော်၀ါရီလ ၂၆ ရက်နေ့ ရန်ကုန်မြို့ တစ်နေရာမှာ “ပြန်ဆုံနမိတ်နဲ့ ရန်ကုန်သပိတ်”၊ “ပြည်သူတွေကသေနေပြီ မြန်မာဘီယာ သောက်နေတုန်းလား” ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။
ယနေ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ကာ “စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု” များဖြစ်ကြသော လူငယ်များသမဂ္ဂ၊ Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊ LGBT Community Yangon၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM၊ တကသကျောင်းသားဟောင်းများအင်အားစုတို့က အကြမ်းဖက်စစ်အုပ်စုကိုဆန့်ကျင်တဲ့ လူထုသပိတ်တိုက်ပွဲကို စနစ်တကျအောင်မြင်စွာဆင်နွှဲနိုင်ခဲ့ပါတယ်။