ဒီကနေ့ မုံရွာမြို့ပေါ်က ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း မုံရွာလူငယ်များ အစည်းရုံး၊ မုံရွာမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားပေမဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ အောင်မြင်စွာ လှည့်လည်နိုင်ခဲ့တယ်လို့ သိရပါတယ်