ကလေးမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်တပ် တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံမှုကြောင့် ပြန်ဆုတ်ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောရွာဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံတော်လှန်ရေးအင်အားစုတွေရဲ့ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောရွာဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံတော် လှန်ရေးအင်အားစုတွေရဲ့ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနဲ့ ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးစုစုပေါင်းအင်အား ၇၀ လောက်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး မှန်တောရွာဘက် ထိုးစစ်ဆင်လာကြရာ CDF – KKG၊ CDF – Thantlang၊ PDF – Kalay ၊ RKDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ယမန်နေ့မနက် ၁၀ နာရီခွဲလောက်က စတင်ကာ ၂ နာရီလောက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရင်စစ်ကြောင်းထိုးရာမှာ အသုံးပြုနေကျ ပြည်ထောင်စုလမ်းမကြီးအတိုင်း မလာဘဲ တောလမ်းအတိုင်း မှန်တောရွာ အနောက်ဘက်ကနေ ရွာတွင်းဝင်ရောက်လာခြင်းဖြစ်ပြီး CDF – KKG တပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ တိုက်မိုင်းနဲ့တိုက်မိခြင်း ၊ ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က (၆) ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ကလေးမြို့နယ် ရန်ကြီးအောင် ကျေးရွာမှာ တပ်စွဲထားတဲ့အကြမ်းဖက် စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သံဖိုကျေးရွာထဲက ပြည်သူတွေရဲ့ နေအိမ်၊ ဆန်စက်နဲ့ ​ဆိုင်ကယ် တို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ CDF-KKG တပ်ရင်း (၃) ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ကြိုးစားငြှိမ်းသတ်ခဲ့ရာ ဆန်စက်မီးကို ငြှိမ်းသတ်နိုင်ခဲ့‌‌ပေမဲ့ နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။