ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းတစ်ဖက်ကမ်း ဂျာရာယန်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို KIAနဲ့ PDFတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachin Waveမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ရက်နေ့ မနက် ၃နာရီခန့်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဖားကန့်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုကလည်း ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ၁၀ချက်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ ပက်သက်ပြီးတော့ KIAက သီးခြား သတင်းထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။
မိုးညှင်းမြို့နယ် မော်ဟန်မှာရှိတဲ့ စစ်အုပ်စုရဲ့ ရဲကင်းစခန်းတစ်ခုကိုလည်း KIAနဲ့PDFတွေ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သေးတယ်လို့ သိရပါတယ်။