အသံတိတ်သပိတ်မလုပ်ဖို့ နတ်တလင်းမှာ ကြေညာနေသူ အပစ်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

အသံတိတ်သပိတ်နေ့မှာဆိုင်တွေဖွင့်ဖို့ နတ်တလင်းမြို့နယ်အတွင်း လိုက်လံကြေညာနေသူတစ်ဦး သေနတ်နဲ့ပစ် ခတ်ခံရတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်း နတ်တလင်းမြို့နယ်၊တံခွန်တိုင်ရွာမှာ ဖေဖေါ်ဝါရီ၁ရက်နေ့ ဆိုင်မဖွင့်ပါက အရေးယူခံရမှာဖြစ်ကြောင်း လိုက်လံကြေညာနေသူကို ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ နတ်စစ်သည်က ကျည်၃တောင့် နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦးက ‘အပစ်ခံရတဲ့လူက စစ်ခွေးသတင်းပေးဆိုပြီး နာမည်ကြီးနေ သူပဲ။သေသွားပြီလို့ပြောနေကြပေမဲ့ မသေချာသေးဘူး’လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ၁ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ လူထုလှုပ်ရှားမှုသပိတ်အင်အားစုတွေက လှုံ့ဆော်နေ ပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်နေပါတယ်။

နတ်တလင်းပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုခွင့်ပြုချက်နဲ့ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းနဲ့ပွဲလမ်းသ ဘင်တွေ မသွားဖို့ နတ်စစ်သည်က ထုတ်ပြန်ထားပါတယ်။