မြို့နယ်၅ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုကို ထုတ်ပြန်

၅၊ ဇန်နဝါရီလ၊ ၂၀၂၂။

အကြမ်းဖက်စစ်အုပ်စုရဲ့မြို့နယ်၅ခုအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးခဲ့မှုတွေ ကို Infosheet 4 Human Rightsက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊ရေမြက်ရွာ။ဒီပဲယင်းမြို့နယ်အတွင်းရှိရွာ၈ရွာ၊ကလေးမြို့နယ်၊နတ်ချောင်းရွာ၊ကရင်နီပြည်နယ်၊ဒီမောဆိုမြို့နယ်နဲ့ ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက် ခိုက်မှုတွေကို ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊ရေမြက်ရွာကို ဒီဇင်ဘာ၂၀ရက်နေ့မွန်းလွဲ၁နာရီလောက်ကစစ်ရဟတ်ယာဉ်၅စီးနဲ့ ၁၅မိနစ်ကြာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေ လက်နက်ကြီးနဲ့ နာရီဝက်ကြာတိုက်ခိုက်ခဲ့ ကြောင်း ဒီပဲယင်းမြို့နယ်က ရွာ၈ရွာကိုလည်း နိုဝင်ဘာ၈ရက်နေ့ကနေ ဒီဇင်ဘာ၂၀ရက်အတွင်း စစ်ရဟတ်ယာဉ်၊MI-35 တိုက်ခိုက်ရေးလေယာဉ်တို့နဲ့ ဝေဟင်ကနေတိုက်ခိုက်ခဲ့ရာ ၁၈ဦးသေဆုံးခဲ့ ကြောင်း သိရပါတယ်။

ဒီဇင်ဘာ၂၃ရက်နေ့ ညနေ၃နာရီကျော်လောက်မှာ ကလေးမြို့နယ်၊နတ်ချောင်းရွာကို ရဟတ်ယာဉ်၂စီးနဲ့ တိုက် ခိုက်ခဲ့ရာ ပြည်သူအယောက်၂၀သေဆုံးခဲ့ပြီး မေ၂၁ရက်နဲ့ ဒီဇင်ဘာ၂၃ရက်တို့မှာ ကရင်နီပြည်နယ်ဒီမောဆိုမြို့နယ်အတွင်း စစ်ရဟတ်ယာဉ်၂စီး၊လေယာဉ်၂စီးအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရာ ပြည်သူ၁၀၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊လေးကေ့ကော်မြို့ကိုဒီဇင်ဘာ၂၃ရက် ည၁၀နာရီကစလို့ လေကြောင်းကနေ၂ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေကို တိတိကျကျသတ်မှတ်ထားမှုမရှိခြင်း၊လူနေ ထူ ထပ်တဲ့ အရပ်သားတွေနေထိုင်တဲ့ဒေသတွေကိုတိုက်ခိုက်ခြင်း၊အရပ်သားပြည်သူတွေနဲ့ တိုက်ပွဲမှာပါဝင်တိုက် ခိုက်နေသူတွေကြားကွဲကွဲပြားပြားသတ်မှတ်မှုမရှိခြင်းနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းတို့ကြောင့်ဂျီနီဗာစာချုပ်ပါ မူတွေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ‘အရပ်သားပြည်သူ​တွေကို ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ တိုက်ခိုက်တာ​မျိုးတွေ၊ စစ်​ရေးအရထက်​ကျော်လွန်ပြီး အင်အားအလွန်အကျွံသုံးတာ​တွေ​က နိုင်ငံတကာ လူသားချင်းစာနာမှုဥပ​ဒေ​တွေကို ချိုး​ဖောက်ရာ​ရောက်ပါတယ်။အရပ်သား​တွေကို ရည်ရွယ်တိုက်ခိုက်တာမျိုးက​တော့ နိုင်ငံတကာရာဇဝတ်မှုပါပဲ’လို့ ဆိုပါတယ်။