ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့မြန်မာခရီးစဉ်အတွင်း NLDပါတီနဲ့ တရားဝင်တွေ့ဆုံဖို့ ကမ်းလှမ်းမှုမရှိသေး

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ပါတီနဲ့တရားဝင်တွေ့ဆုံဖို့ ကမ်း လှမ်းထားတာမျိုးမရှိသေးဘူးလို့ NLDဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကပြောပါတယ်။

‘ကမ်းလှမ်းထားမှုအခုအချိန်ထိမရှိပါဘူး။ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာမျိုးမဟုတ်ရင် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးထားသူမဟုတ်ရင် NLD နဲ့ တွေ့ဆုံတယ် လို့ တရားဝင်သတ်မှတ်ဖော်ပြခွင့် ဘယ်သူ့မှာမှ မရှိပါဘူး’လို့ ဦးကျော်ထွေးကဒီကနေ့မွန်းလွဲပိုင်းမှာ Delta News Agencyကိုပြောပါတယ်။

ဟွန်ဆန်ရဲ့ ဇန်နဝါရီ၇ရက်နေ့ကနေ ၈ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ စစ်အုပ်စုခန့်ပြန်ကြားရေးဒုဝန်ကြီး ဇော်မင်းထွန်းက RFA ကပြောကြားထားပါတယ်။

‘မင်းအောင်လှိုင်က သူ့အာဏာတည်မြဲရေးအတွက်သူသွားဖို့အခုလုပ်နေတဲ့လမ်းကိုသွေဖီဖို့ လုံးဝမစဉ်း စားထားဘူး။သူသွားချင်တဲ့လမ်းဟာ အာဆီယံမူ၅ချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။အဲဒီအပေါ် ဟွန်ဆန် ကဘယ်လိုဖေးမမလဲ၊မင်းအောင်လှိုင်လူရာပြန်ဝင်ဖို့ သူတို့နှစ်ယေက် ဘယ်လိုပေါင်းကြံမလဲဆိုတာ စောင့် ကြည့်ရမယ်’လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌနဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့မြန်မာနိုင်ငံလာရောက်ခဲ့စဉ်က NLD ပါတီ နဲ့တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ NLDပါတီကဘယ်သူနဲ့ ဘယ်နေရာမှာတွေ့ဆုံခဲ့သလဲဆိုတာ ထုတ်ပြန်ခဲ့ ခြင်းမရှိသလို လက်ရှိ NLD ပါတီမှာ တာဝန်ရှိတဲ့ NLD ဗဟိုအလုပ်ကော်မတီနဲ့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါဘူး။

အကြမ်းဖက်စစ်အုပ်စုကို အားပေးကူညီမယ့်ဟွန်ဆန်ကို မြန်မာနိုင်ငံမှာ လုံးဝခြေချခွင့်မရအောင် နည်းလမ်း ပေါင်းစုံနဲ့ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၂၇၃ဖွဲ့ကပူးတွဲကြေညာချက်ထုတ်ပြန် ထားပါ တယ်။

Facebook Notice for EU! You need to login to view and post FB Comments!

Delta News Agency

Read Previous

မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေ ကြောက်လန့်တကြား ယတြာချေနေ

Read Next

မြို့နယ်၅ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုကို ထုတ်ပြန်