မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေ ကြောက်လန့်တကြား ယတြာချေနေ

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

၂၀၂၂ခုနှစ်အတွက် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပထမဆုံးအလေးအနက်ထား လုပ် ဆောင်မှုဟာ သူ့အာဏာတည်မြဲရေးအတွက် ယတြာချေိနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ် ကပြောပါ တယ်။

မင်းအောင်လှိုင်ဟာ၂၀၂၂ခုနှစ်အတွင်း ဘက်ပေါင်းစုံကနေ ကျဆုံးဖို့ရှိတယ်လို့ ဗေဒင်ဆရာ၊ နက္ခတ်ဗေဒဆရာတွေနဲ့ မဟာသင်္ကြန်စာတွေက တညီတညွတ်တည်း ဟောကိန်းထုတ်ခဲ့တာတွေ ၂၀၂၁ခုနှစ် ကုန်ခါနီးနဲ့ ၂၀၂၂နှစ်အစမှာ ထွက်ပေါ်လာပြီးနောက် မင်းအောင်လှိုင်နဲ့အာဏာသိမ်းခေါင်းဆောင် တွေကြား ယတြာချေဖို့ကိစ္စကို နံပါတ်တစ်အရေးကြီးလုပ်ငန်းစဉ်အဖြစ် စိုင်းပြင်းနေတယ်လို့ ကြားရကြောင်း တပ်တွင်း သတင်းရင်းမြစ်ကဆိုပါတယ်။

‘ဘယ်နေရာမှာ ဘယ်လိုယတြာတွေချေနေသလဲဆိုတာကို သေချာမသိပေမဲ့ အဲဒီယတြာချေဖို့ကိစ္စကို သူတို့ PSOတွေနဲ့ ကတော်ကြီးတွေကြားတော်တော်ယောက်ယက်ခတ်နေတာကိုတော့ ကြားနေရတယ်’လို့သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့မိသားစု အားလုံးနီးပါးဟာ ဗေဒင်၊ဘိုးတော်နဲ့ ရှေ့ဖြစ်ဟောနိုင်တဲ့ဘုန်းကြီးတို့ ကို အထူးယုံကြည်ကြပြီး ယတြာဆိုတာကိုလည်း အရူးအမူးယုံကြည်ကြတဲ့အတွက် ယတြာချေခြင်းလုပ်ငန်း ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ကြား မဟာဗျူဟာမြောက်အရေးပါတဲ့လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။

‘အခုဒီနှစ်မှာ မင်းအောင်လှိုင်ပျက်ကိန်းမြင်တယ်ဆိုတဲ့ဟောကိန်းတွေဟာ စစ်တပ်ထဲမှာ ဟိုး…ထိပ်ဆုံးကနေ အောက်ခြေအထိပျံ့နှံ့နေတဲ့အတွက် ရိုက်ခတ်မှုကြီးတယ်။မင်းအောင်လှိုင်ကိုနဂိုကတည်းက မယုံကြည် ကြတဲ့သူတွေကြား ပို မယုံကြည်မှုဖြစ်လာတာပဲ။ပြီးတော့ ကျွန်တော်တို့စစ်သားတွေဆိုတာက ဗေဒင်တွေဘာ တွေတော်တော်ယုံကြတာမို့ ကိုယ့်ဘာသာတွက်ချက်ကျွမ်းတာတွေရော ရာထူးကြီးရင်ကြီးသလို ကိုယ့် ဗေဒင် ဆရာ၊ကိုယ့်ဘိုးတော်၊ကိုယ့်ဘုန်းကြီးပုံစံမျိုး ရှိကြတာဆိုတော့ အခုမင်းအောင်လှိုင်ပျက်ကိန်းဟောထားတာ တွေဟာ နိုင်ငံရေးအရ ဝါဒဖြန့်ချင်လို့ လျှောက်ပြောတာမဟုတ်ဘူး၊တကယ်အမှန်အကန်ဟောကိန်းဆိုတာ စစ်တပ်ထဲကလူတွေ ပိုသိကြတယ်’လို့ သူကဆက်ပြောပါတယ်။

အခုအခါ အကြမ်းဖက်တပ်တွင်းက အလယ် အလတ်အဆင့်ရာထူးရှိသူတွေတောင် သူတို့ရဲ့အနာဂတ်ကို ဗေဒင် မေးတွက်စစ်နေကြပြီလို့လည်း သိရပါတယ်။

မင်းအောင်လှိုင်ပျက်မယ်ဆိုတဲ့ဟောကိန်းဟာ ပြိုချင်ချင်ဖြစ်နေတဲ့ အကြမ်းဖက်တပ်ကို နောက်တစ်ကြိမ်ခပ်ကြမ်းကြမ်းဆွဲလှုပ်လိုက်တာလို့ သူကဆက်ပြောပါတယ်။

Delta News Agency

Read Previous

နယ်စပ်ကုန်သွယ်ရေး စခန်း၁၁ခုမှာ ကုန်သွယ်မှုကျဆင်း

Read Next

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့မြန်မာခရီးစဉ်အတွင်း NLDပါတီနဲ့ တရားဝင်တွေ့ဆုံဖို့ ကမ်းလှမ်းမှုမရှိသေး