ခရမ်းမှာ တစ်ပတ်ကျော်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၃၀ကျော်ရှိ

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

နိုဝင်ဘာ၂၇ရက်နေ့ကစပြီး ရန်ကုန်တောင်ပိုင်းခရိုင်ခရမ်းမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၀ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

နိုဝင်ဘာ၂၇ရက်ကနေ ဒီဇင်ဘာ၅ရက်နေ့အထိ ကိုဗစ်ကူးစက်ခံ၃၃ဦးရှိပြီလို့ ခရမ်းမြို့နယ်ကျန်းမာရေးအသိုင်း အဝိုင်းကနေသိရကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။

‘ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ အရင်ကဖြစ်ခဲ့ဖူးတဲ့ ကိုဗစ်မျိုးကွဲလို့သိရတယ်။အခုနိုင်ငံတ ကာမှာဖြစ်နေတဲ့ အိုမီခရမ်နဲ့မဆိုင်ဘူးလို့ သိရပါတယ်’လို့ ခရမ်းမြို့ခံ တက်ကြွလှုပ်ရှားလူငယ်တစ်ဦးကပြော ပါတယ်။

ကိုဗစ်ကူးစက်မှုမှာ ဒီဇင်ဘာ၅ရက်နေ့အထိ ခရမ်းမြို့ပေါ်မှာမရှိဘဲ ခရမ်းမြို့နယ်ညောင်ပင်သာကျေးရွာနဲ့ ကမာမတ်ကျေးရွာတို့မှာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။

ကိုဗစ်အရေးပေါ်လူနာတွေကို ခရမ်းမြို့ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေပြီး ကျန်လူနာတွေကို ခရမ်းမြို့ဘုရား ကြီးအနောက်ခြမ်းမှာရှိတဲ့ ခရမ်းရိပ်သာမှာ ထားရှိပါတယ်။

‘ပထမလှိုင်းကတည်းက ကိုဗစ်လူနာတွေကို ခရမ်းရိပ်သာမှာထားတာ အခုထိပါပဲ။မနေ့တုန်းက ပိုးတွေ့လူနာ မရှိပါဘူး’လို့ သူကပြောပါတယ်။