ခရမ်းရဲစခန်းနဲ့ပညာရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်း အကြမ်းဖက်သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ခရမ်းမြို့၊မြို့မရဲစခန်းနဲ့ ပညာရေးမှူးရုံးတို့ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ယမန်နေ့ည၈နာရီမိနစ်၂၀မှာ ခရမ်းPDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိပေမဲ့ အသေးစိတ်အချက်အလက်ကိုမသိရသေးဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ် ကဖော်ပြပါတယ်။

ကြည့်မြင်တိုင်သွေးကြွေးကို စစ်ခွေးတွေဆီကပြန်တောင်းရမှာဖြစ်ပြီးပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုဟာ PDF တွေအတွက်ခွန်အားဖြစ်ကြောင်းအာဏာရူးတစ်သိုက်ကို ပြည်သူအားလုံးရဲ့အင်အားနဲ့ ပြိုင်တူတွန်းနိုင်ရင် အရွေ့ပိုမြန်မယ်လို့ယုံကြည်ကြောင်း ခရမ်းPDF နဲ့နီးစပ်သူတစ်ဦးကပြောတယ်လို့ ခရမ်းချန်နယ်က ဖော်ပြပါ တယ်။

‘ညတုန်းက ပေါက်ကွဲသံတော်တော်ကျယ်တယ်။ကျွန်တော်တို့ခရမ်းပြည်သူတွေအတွက် မင်္ဂလာရှိတဲ့ပေါက်ကွဲ သံမှန်းသိလိုက်တယ်။ပြီးတော့မှ ရဲစခန်းနဲ့ ပညာရေးမှူးရုံးမှာပေါက်ကွဲတာသိရတယ်။ထိခိုက်မှုတွေရှိတယ်လို့ ကြားရတယ်။’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ၅ရက်နေ့က ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းပေါ် ဆန္ဒပြတဲ့သူတွေကို နောက်ကျောကနေ ကားနဲ့အပြင်းဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကျဆုံး၅ဦး၊သေနတ်ထိမှန်၈ဦးနဲ့ ဖမ်းဆီးခံရသူ၁၀ဦးလောက်ရှိတယ်လို့ လတ်တလောသိရှိရပါတယ်။