၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ MPTရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမည်မသိအဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ မနက် ၈နာရီခန့်မှာ အမည်မသိသူ ၄ဦးခန့်က လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေပါ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
“ဆိုင်ကယ်နဲ့ လာပြီးတော့ ပစ်တာလို့ကြားတယ်၊ ဗုံးပစ်ပြီးတော့မှတော့ သေနတ်နဲ့ဝင်ပစ်တာ တပ်ကြီးကြီးတစ်ယောက်နဲ့ တပ်သားနှစ်ယောက် ထိသွားတယ်လို့ ပြောနေကြတာတော့တွေ့တယ် ရာထူးတွေတော့သေချာမသိဘူး ၃ယောက်ထိသွားတာတော့ သိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဗုံးပစ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
မန္တလေးမြို့မှာ မနေ့က နိုဝင်ဘာလ ၂၈ရက်နေ့မှာလည်း ဗုံးပေါက်ကွဲ လေးကြိမ်ထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။