နည်းပြရန်ဂျနစ်ကို မန်ယူက ယာယီနည်းပြ ခန့်အပ်တဲ့အပေါ် စပါးနည်းပြဟောင်းရက်နပ်ဝေဖန်

 

၂၉၊ နိုဝင်ဘာ၊ ၂၀၂၁။

စပါးအသင်းနည်းပြဟောင်းဖြစ်တဲ့ ဟယ်ရီရက်နပ်က မန်ယူအသင်းအနေနဲ့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် လိုက်ဇစ်နည်းပြဟောင်း ရန်ဂျနစ်ကို ခန့်အပ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ 

လက်ရှိမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီထားတဲ့ ရန်ဂျနစ်ဟာ မန်ယူအသင်းနဲ့ ၆ လတာကာလ သဘောတူညီထားတာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ရင်လည်း မန်ယူအသင်းမှာ အတိုင်ပင်ခံရာထူးနေရာနဲ့ ဆက်လက်မြင်တွေ့ရဖို့ ရှိနေတာပါ။ 

မန်ယူအသင်းရဲ့ အနာဂတ် နည်းပြတစ်ယောက် မရောက်လာသေးချိန်မှာ လိုက်ဇစ်နည်းပြဟောင်း ရန်ဂျနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တာဟာ မိုက်မဲလွန်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဟယ်ရီရက်နပ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ 

မန်ယူအသင်းအနေနဲ့ သူတို့တကယ်အလိုရှိတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခေါ်ယူရေး ကိစ္စမှာလည်း နည်းလမ်းတွေ ရှိရဲ့သားနဲ့ ဖိဖိစီးစီး ခေါ်ယူဖို့ မကြိုးစားခဲ့တာကိုလည်း ရက်နပ်က အပြစ်တင်ခဲ့တာပါ။ 

ဒါကြောင့် ရန်ဂျန်နစ်ကို မန်ယူက ယာယီနည်းပြအဖြစ် ခန့်အပ်သဘောတူညီနိုင်တဲ့ သတင်းကြားကြားချင်းမှာပဲ အံ့အားသင့်ခဲ့ရပြီး ဘဝမှာ တစ်ခါမှ မကြားဖူးတဲ့ မိုက်မဲလှတဲ့ သတင်းကို  ကြားခဲ့ရပြီလို့ သူက ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ 

 

 

 

Delta News

Read Previous

ဇာဗီနဲ့ ဂျာရတ် ဘယ်လဲ ဘာလဲ

Read Next

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှ-ဥရောပ နိုင်ငံ၅၀ကျော်တောင်းဆို