ရန်ဂျနစ်ရဲ့ ပုံရိပ်နဲ့ ဟာလန်းကို ပိုင်ဆိုင်ချင်နေတဲ့ မန်ယူ

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူအသင်းဟာ ယာယီနည်းပြအဖြစ် ခန့်အပ်သဘောတူညီထားတဲ့ နည်းပြ ရန်ဂျနစ်ရဲ့ ပုံရိပ်ကို အသုံးပြုပြီး ဒေါ့တ်မွန်တိုက်စစ်မှူး ဟာလန်းကို ပိုင်ဆိုင်ချင်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ 

မန်ယူအသင်းရဲ့ ကာလရှည်စိတ်ဝင်စားတာ ခံရတဲ့ ဟာလန်းကို နည်းပြဟောင်း ဆိုးလ်ရှား လက်လက် မခေါ်ယူနိုင်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ နည်းပြ ရန်ဂျနစ်ရဲ့ လွှမ်းမိုးမှုကို အသင်းဘက်က အသုံးချလာမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဟာလန်းကို မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း အလိုရှိနေပြီး ဒီကြယ်ပွင့်အတွက် အသင်းကြီးတွေအကြား အပြိုင်ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ လက်ရှိကစားသမားကို ပိုင်ဆိုင်ထားတဲ့ ဒေါ့တ်မွန်အသင်းကလည်း ဒီကြယ်ပွင့်ကို လက်လွှတ်သွားဖို့ ဆန္ဒမရှိဖြစ်နေတဲ့အပြင် လုပ်ခလစာ နှစ်ဆပေးပြီး အသင်းမှာ ဆက်ထားဖို့ ကြံရွယ်နေတာပါ။ 

ဒါကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက်နဲ့ အသင်းကြီးတွေရဲ့ ဟာလန်းအတွက် ကမ်းလှမ်းမှုတွေကသာ အရေးပါနေခဲ့တာပါ။ 

Mirror သတင်းဌာနကတော့ မန်ယူအသင်းရဲ့ ဒီကစားသမားအတွက် စိတ်ဝင်စားမှုကို ရောက်လာတော့မယ့် ယာယီနည်းပြသစ် ရန်ဂျနစ်က အကောင်းဆုံး ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ရေးသားဖော်ပြပါတယ်။ 

Delta News

Read Previous

ယူကေ၊ ဂျာမနီနဲ့ အီတလီတို့မှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန် တွေ့

Read Next

မန်ယူနည်းပြထိုင်ခုံပူကို နည်းပြတွေ ဘာကြောင့် စိတ်မဝင်စားတော့တာလဲ