၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ကို အဓိကလှုံ့ဆော်တဲ့ ကမ်ပိန်းဟာ ပြည်သူ့လူမှုကွန်ရက်စာမျက်နှာပေါ် အားကောင်းစွာနဲ့ အသက်ဝင်လှုပ်ရှားနေပါတယ်။
စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ အမျိုးသားနေ့ လူထုလှုပ်ရှားမှုရက်သတ္တပတ် ကမ်ပိန်းကို နိုဝင်ဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ်ပိန်းမှာ ပါဝင်တဲ့ဘယ်ပြည်သူကိုမဆို ဖမ်းဆီးလို့မရတဲ့အပြင် စစ်အုပ်စုရဲ့ ဝင်ငွေကို ထပ်တိုးထိခိုက်နိုင်တယ်လို့ ကမ်ပိန်းလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
‘ကျွန်တော်တို့ကမ်ပိန်းက ပြည်သူတွေဆန္ဒထွက်ပြကြပါလို့ မတောင်းဆိုဘူး။စစ်တပ်ပိုင်တဲ့ ပါရမီယာဉ် လိုင်းတွေ၊စစ်တပ်ထောင့်တိုင်အကြီးစား နေဝင်းမြေးတွေပိုင်တဲ့ Omni Focus ယာဉ်လိုင်းတို့လိုမျိုး မစီးဖို့၊Mytel ဆင်းကတ် မသုံးဖို့တို့ မြန်မာဘီယာဆိုင်းဘုတ်ထောင်ထားတဲ့ဆိုင်ကနေ ဘာပစ္စည်းမှ မ ဝယ်ဖို့တို့ အဲဒီလိုပြည်သူတိုင်းလုပ်နိုင်ပြီး ဒီလိုလုပ်လို့ ဘယ်သူမှ လာဖမ်းလို့မရတာတွေပေါ့။’လို့သူက ပြောပါတယ်။
ကမ်ပိန်းလှုံ့ဆော်သူတွေဟာ ပြည်သူအားလုံးလွယ်လင့်တကူလုပ်ပေးနိုင်တာကို မေတ္တာရပ်ခံတဲ့နည်းနဲ့ တောင်းဆိုခြင်းလို့နားလည်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြည်သူတွေစိတ်ဝင်တစားရှိကြတာတွေ့ရတဲ့အ တွက် ကမ်ပိန်းအောင်မြင်မယ်လို့ ထင်ကြောင်း ရန်ကုန်အခြေစိုက်ကဗျာဆရာတစ်ဦးကပြောပါတယ်။
‘အခုလိုနည်းလမ်းတွေနဲ့ ပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်နဲ့ပတ်သက်လာရင် အလိုလိုသိပြီးအလိုလို မသုံး ဘူးဆိုတဲ့ အလိုအလျောက်သိစိတ်ရှိအောင်အထိ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သတိပေးတဲ့နည်း တွေနဲ့ ပျိုးထောင်ရပါမယ်။’လို့သူကပြောပါတယ်။
ကမ်ပိန်းလှုံ့ဆော်သူတွေဟာ မာတင်လူသာကင်းရဲ့ နာမည်ကျော်စကားတစ်ခွန်းဖြစ်တဲ့”မင်းမပျံနိုင်ရင်ပြေး .. မပြေးနိုင်ရင် .. လမ်းလျှောက် .. လမ်းမလျှောက်နိုင်ရင် တွားသွား..၊ အဓိက က ရွေ့နေဖို့ပဲ” ဆိုတာနဲ့ တော်လှန် ရေးမှာ တစ်ဦးချင်းစီက တတ်နိုင်သလောက် ပါဝင်အောင် လှုံ့ဆော်ထားပါသေးတယ်။
‘ဒီကမ်းပိန်းကနေ ပြည်သူတွေနားထဲ အလွယ်တကူရောက်သွားအောင် လုပ်ပေးတဲ့အချက်တစ်ချက်က ပါရမီ ကားကို မစီးတာဟာ စစ်တပ်ထုတ်ဘီယာမသောက်တာဟာ နွေဦးတော်လှန်ရေးထဲ ကိုယ်တတ်သလောက် ပါ ဝင်တယ်ဆိုတာကို ပြောပြလိုက်နိုင်တာပဲ’လို့ ရန်ကုန်အခြေစိုက်ကဗျာဆရာကဆက်ပြောပါတယ်။