မန်ယူယာယီနည်းပြရာထူးအတွက် စတိဗ်ဘရုစ်ကို ပီတာရှမိုက်ကယ် ထောက်ခံ

 

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ဟာ အသင်းရဲ့ယာယီနည်းပြရာထူးအတွက် စတိဗ်ဘရုစ်ဟာ သင့်တော်သူဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။ 

ပီတာရှမိုက်ကယ်နဲ့ စတိဗ်ဘရုစ်တို့ဟာ မန်ယူအသင်းဖော်ဟောင်းတွေဖြစ်ကြပြီး ဖာဂူဆန်လက်အောက်မှာ ကစားခဲ့ဖူးတဲ့ စတိဗ်ဘရုစ်အနေနဲ့ မန်ယူအဝတ်လဲခန်းတွင်းက အခြေအနေတွေကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ရှမိုက်ကယ်က ယုံကြည်ထားတာပါ။

နယူးကာဆယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ စတိဗ်ဘရုစ်ကလည်း မန်ယူအသင်းတာဝန်ရှိသူတွေဘက်ကသာ ကမ်းလှမ်းဆက်သွယ်လာခဲ့ရင် အသင်းကို တာဝန်ယူဖို့ အသင့်အနေအထားမျိုးမှာ ရှိနေပါတယ်။

မန်ယူအသင်းရဲ့အကြောင်းကို အလုံးစုံ သိရှိနားလည်ပြီးသားသူဖြစ်တဲ့အတွက် စတိဗ်ဘရုစ်ဟာ ရာသီကုန်အထိ အသင်းကို ကွပ်ကဲဖို့ ထိုက်တန်သလို ကစားသမားတွေကို စတိဗ်ဘရုစ်က ဖိအားပေးပြီး လမ်းကြောင်းမှန်ထက်ဆီ ပြန်တင်ပေးနိုင်မှာကို ယုံကြည်တယ်လို့ ရှမိုက်ကယ်က ပြောကြားခဲ့တာပါ။