ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်မှူး ချီယေဆာအတွက် ချဲလ်ဆီး ပေါင် သန်း ၈၀ ကျော်အသုံးပြုဖို့ ရှိ

 

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်ကြယ်ပွင့် ချီယေဆာကို ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အသက် ၂၄ နှစ်အရွယ် ဒီတောင်ပံတိုက်စစ်မှူးဟာ ယူရို ၂၀၂၀ မှာ အီတလီလက်ရွေးစင်အသင်းနဲ့ ထင်ရှားကျော်ကြားလာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ 

ချဲလ်ဆီးနည်းပြ သောမတ်တူချယ်ကိုယ်တိုင် ချီယေဆာကို သဘောတွေ့ခဲ့တာဖြစ်လို့ အသင်းရဲ့ တိုက်စစ်နေရာမှာ သူ့ကို ဦးစားပေး ကမ်းလှမ်းနေခဲ့တာဖြစ်ပါတယ်။ 

ချီယောဆာဟာ ဖီအိုရင်တီးနာအသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ အငှားနဲ့ လာရောက်ကစားနေခဲ့သူဖြစ်ပြီး လက်ရှိ ကစားသမားကို ပိုင်ဆိုင်ထားတဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ရာသီကုန်မှာ အပြီးသတ်ပိုင်ဆိုင်နိုင်မယ့် သဘောတူညီချက်တွေ ရှိထားပါတယ်။ 

ဒီအီတလီကြယ်ပွင့်ကို ချဲလ်ဆီးအသင်းအပြင် ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။ 

လက်ရှိမှာ ချဲလ်ဆီးတိုက်စစ်အတွက် လူကာကူကို ပိုင်ဆိုင်ထားပေမယ့် ဒီတိုက်စစ်မှူးဟာ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေလို့ ရေရှည်အတွက် တိုက်စစ်ဖြည့်တင်းမှုတွေကို ချဲလ်ဆီးဘက်က လုပ်ဆောင်ချင်နေခဲ့တာပဲဖြစ်ပါတယ်။ 

ချီယေဆာဟာ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၈ ပွဲကစားပေးထားပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူပေးထားပါတယ်။