၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။
ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ပြီးနောက် နည်းပြပိုချက်တီနိုအနေနဲ့ မန်ယူအသင်းကို ပြောင်းလိုက်သင့်ပြီလို့ လီဗာပူးလ်ဂန္ထဝင် ကာရေဂါက အသိပေးပြောကြားလိုက်ပါတယ်။
လက်ရှိမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို နာမည်ကျော်ကစားသမားတွေနဲ့အပြိုင် တစ်သင်းတည်းကစားနေရတယ်လို့ ပိုချက်တီနိုရဲ့ အကျပ်အတည်းကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။
အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကလည်း ပိုချက်တီနိုဟာ ဒီကစားသမားသုံးဦးကို ထိန်းချုပ်ဖို့ ခက်နေတယ်လို့ သုံးသပ်ချက်ချခဲ့ပြီး ဒီကစားသမားတွေဟာ ပီအက်စ်ဂျီရဲ့ နိုင်ပွဲအတွက် အဟန့်အတားအဖြစ်နဲ့ ရှိနေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက ဒီအာဂျင်တီးနားလူမျိုး နည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် နည်းပြကိုယ်တိုင်က ဆုံးဖြတ်ချက် ပြတ်သားမှု မရှိသလို ပြင်သစ်မြေမှာ ပျော်ရွှင်နေတယ်လို့ အသိပေးထားတာပါ။
ဒါကြောင့် အကျပ်အတည်းဖြစ်နေချိန်မှာ ဒီကစားသမားတွေနဲ့ အဝေးဆုံးရှိရာကို ရွေးချယ်လိုက်ဖို့သင့်ပြီး သူသာ ပိုချက်တီနိုဖြစ်ခဲ့ရင် မန်ယူအသင်းကို ရွေးချယ်ပြီး နည်းပြသွားလုပ်လိုက်မှာဖြစ်တယ်လို့ ကာရေဂါက ဖွင့်ဟခဲ့တာပါ။
ဒါအပြင် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းထက် မန်ယူနဲ့ ပိုသင့်တော်ပြီး မန်ချက်စတာကလပ်မှာ ဒီထက်ကောင်းတဲ့ စွမ်းဆောင်မှုတွေ ပိုမိုလုပ်ပြနိုင်မှာဖြစ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။