မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက်  ပီအက်စ်ဂျီလူစာရင်းမှာ နောက်ခံလူ ရာမို့စ် ပါဝင်လာ

 

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။

ရီးရဲလ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာကတည်းက အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားခွင့် မရသေးတဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ လာမယ့် ကြာသပတေးနေ့ နံနက် ၂ နာရီခွဲအချိန်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပီအက်စ်ဂျီလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ စပိန်ဝါရင့်နောက်ခံလူဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်က သူ့အတွက် ပထမဦးဆုံး ပွဲကစားခွင့်ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖွယ် ရှိနေခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းကတော့  မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အတွက် လူစာရင်းကို ထုတ်ပြန်အသိပေးထားပြီးလည်းဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းဟာ အုပ်စု A မှာ လေးပွဲကစားပြီး တစ်မှတ်အကွာနဲ့ အထက်အောက် ရပ်တည်နေပါတယ်။ နှစ်သင်းစလုံးက အုပ်စုဗိုလ်ဖြစ်ရေး ဂုဏ်သိက္ခာအတွက် အရေးပါနေခဲ့ပါတယ်။ 

ပထမအကျော့ ပီအက်စ်ဂျီကွင်းမှာ‌ မန်စီးတီးအသင်းက ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာကြောင့် လာမယ့် ကြာသပတေးနေ့ နံနက်မှာ ကစားမယ့် ပွဲစဉ်က မန်စီးတီးအသင်းအတွက်လည်း အရေးပါနေခဲ့ပါတယ်။ 

 

 

Delta News

Read Previous

အိုရီဂီကို လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းခွင့် မပေးဖို့ လီဗာပူး ဆုံးဖြတ်ထား

Read Next

နည်းပြပိုချက်တီနို မန်ယူကို ပြောင်းသင့်ပြီလို့ ဂျေမီကာရေဂါ ပြော