ရေဦးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ၅ဦးသေ

၁၄၊နိုဝင်ဘာလ၊ ၂၀၂၁။

ရေဦးမြို့နယ် ညောင်လည်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ YUGနဲ့ ဝေဟင်စွန်ရဲအဖွဲ့တို့က ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲရှုံးနိမ့်ခဲ့ရတဲ့ စစ်အုပ်စုဟာ ညောင်လည်ရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရေမျက်ကျေးရွာကိုလည်း ဝင်ရောက်စီးနင်း ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- YE-U Urban Guerrilla