၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ ၂လတာ ပုဒ်မ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ကစပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ၁၂ရက်နေ့အထိ ပုဒ်မ၁၄၄ထုတ်ပြန်ကြောင်း အကြမ်းဖက်စစ်အုပ်စုလက်အောက် ခံမြင်းမူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
‘PDF တွေကို ကြောက်နေရပြီလို့ ကြေညာလိုက်တာပေါ့။ကျွန်တော်တို့က အဲဒီလိုပဲနားလည်ပါတယ်’လို့ မြင်းမူမြို့ နယ်အတွင်းရှိ တက်ကြွလှုပ်ရှားလူငယ်တစ်ဦးကပြောပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ မြင်းမူမြို့နယ်နယ်နိမိတ်အတွင်း လူတချို့ဟာ အများပြည်သူလုံခြုံရေး နဲ့တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားအောင် စိုးရိမ်ဖွယ်ရာ အပြုအမူတွေဆောင်ရွက်နေ တယ်လို့ ဖော်ပြပါတယ်။
မြင်းမူမြို့နယ်မှာစုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းတို့ကို မပြုလုပ်ဖို့ တားမြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့ အပြင် လူ ငါးဦး သို့မဟုတ် လူ ငါးဦးထက် ပို စုဝေးခြင်း မပြုဖို့နဲ့ ည ၈ နာရီကနေ နံနက် ၄ နာရီအတွင်း ည မထွက်ဖို့လည်း လည်းထုတ်ပြန်ထားပါတယ်။