ဘီးလင်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း အပစ်ခံရ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာမှာ နေထိုင်တဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၉ရက်နေ့ ည ၇နာရီခန့်မှာ ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့မှာ ဦးဆန်းထွန်းဦး ထိုင်နေစဉ်မှာ ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိအမျိုးသား ၂ဦးက လာရောက်ပြီး ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကြံ့ဖွံ့ကဆိုတာနဲ့ ဒလန်လားကို မေးစရာမလိုအောင် ဒလန်အကြီးစားဖြစ်နေတဲ့သူဆိုတော့ အပစ်ခံရတာမဆန်းပါဘူး၊ ဆေးရုံရှေ့မှာပဲ လာပစ်သွားတာ လူအများကြီးထဲက သူ့ကိုတေ့ဆော်သွားတာ်၊ ဆေးရုံတောင်မရောက်ဘူး သေတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးဘဲ ၊ ပစ်ခတ်မှုအပြီးမှာ စစ်အုပ်စုက ကျေးရွာအတွင်းမှာ ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဦးဆန်းထွန်းဦးဟာ ၂၀၂၀ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သူတစ်ဦးဖြစ်ပါတယ်။