တပ်နယ်မြေ မင်္ဂလာဒုံက ထွေအုပ်ရုံး အပစ်ခံရပြီး သေဆုံးသူရှိ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ထွေအုပ် ၃၃နှစ်ပြည့် အခမ်းအနား ပြုလုပ်နေစဉ်မှာ အမည်မသိသေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်သားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ အမည်မသိသေနတ်သမားတစ်ဦးက စက်သေနတ်နဲ့ အတွဲလိုက်ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ စစ်သားတစ်ဦးနဲ့ သန့်ရှင်းရေးအမျိုးသမီးတစ်ဦးသေဆုံးကာ စစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

“ဝင်ပစ်သွားတာတော့မှန်တယ် သေဆုံးသူကတော့ အတိအကျမပြောနိုင်သေးဘူး၊ ရုံးထဲမှာ ပျော်ပွဲကျင်းပနေချိန် ဝင်ဆော်သွားတာ၊ ဖမ်းမိတယ်လည်းကြားတယ် မမိသေးဘူးလို့လည်း ပြောနေကြတယ်၊ စစ်သားနှစ်ယောက်ထိပြီး တစ်ယောက်သေတယ် အမျိုးသမီး တစ်ယောက်သေတယ်လို့တော့ အကြမ်းဖျင်းသိထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မြို့နယ်အတွင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး မော်တော်ယာဉ်တွေအားလုံးကို ရပ်တန့်ရှာဖွေနေတယ်လို့ သိရပါတယ်။