မွင့်ခါးအကြော်စုံနဲ့ သေတွင်းထဲ အတူခုန် 

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒါမျိုးဆို ဝီရိယကောင်းလွန်းလို့ သာဝတို့အမှုန့်ကြိတ်ချင်နေတာလည်းမပြောနဲ့။ မိုးကလင်းရုံရှင်းရုံရှိသေး၊ တော်ကီတို့ အထောက်တော်ရပ်ကွက်ကြီးက မွင့်ခါးပွဲကြီးတစ်ပွဲဆိုတဲ့ အော်သံ သောသောကိုညံလို့။ တော်ကီကတော့ ကယောင်ကတမ်းမို့ အကောင်ပြလို့လည်း အရိပ်မမြင်တဲ့အစားထဲက။

သူများက မွင့်ခါးပွဲကြီးဆိုလို့သာ ကိုယ်ကလိုက်ပွဲကြီးနေရတာ ဘာမှန်းညာမှန်းက စမ်းတဝါးဝါးရယ်။ ဒါနဲ့ ဒီမနက်မှ ဒီပွဲ ကြီးမသိရင် ခေတ်နဲ့၅မိုင်၄ဖါလုံလောက် ပြတ်ကျန်သွားနိုင်တာမို့ ကိုယ့်ချည်းငေါက်နေတဲ့ ကိုယ့်တပည့် ဆလူး စိန်ဆီ လှမ်းချိတ်ရတယ်။

‘ဟဲ့၊လုပ်ပါဦးဟ၊မွင့်ခါးပွဲကြီးဆိုတာလေး’ ဆလူးစိန်ဆိုတာက တော်ကီတို့အထောက်တော်လောကမှာ ဘာလာလာသူ့ကိုကျော်ပြီးဒေါင်းသွား တာမျိုးမရှိဆိုတော့ ဘာလာလာမသိတဲ့တော်ကီလည်းသူ့ကိုပဲအားကိုးရတယ်။ ‘ခဏစောင့်၊လင့်ပို့လိုက်မယ်’ တဲ့။ဆလူးစိန်တို့က ဒီလိုအချိန်အလုပ်များနေလေတော့ အဲဒီလိုအပိုစကားမဆို ခပ်ပြတ်ပြတ်။

လင့်ဆိုတာကြီးကိုရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ တကယ့်ကိုပွဲကြီးတောင်မှ အကြော်စုံ၊အိုးဘဲဥ နဲ့ငါးသလောက်ဥနဲ့ကြက်သွန်ဥနိုင်းဂျင်းထည့်။မိုက်တယ်ဆိုတဲ့ မိုင်တဲလ်ရဲ့ဘဏ္ဏာရေးအရာရှိချုပ် ဗိုလ်မှူး ဟောင်းဆိုလား။မနက် ခင်း ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အိမ်ကထွက်ရုံရှိသေး၊ ဒိုင်းညှောင့်နဲ့ တည့် တည့်တိုးလို့ လူ့ဘ ဝဆိုတာကြီးက ထက် ပိုင်းကျိုးတော့တယ်။

ကိုယ့်ဆရာPDFတွေရဲ့ လက်သံပြောင်ချက်၊ကြံကြံဖန်ဖန် ဒီလိုလူချမ်းသာရပ်ကွက်မှာ တိတ်တိတ်နေ တိတ်တိတ်စားနဲ့ ဘာသံမှမထွက်ဘူးတဲ့လူကိုတောင် ဘယ်လိုလုပ်တွေ့အောင်ရှာခဲ့သလဲပေါ့။ပြီးတော့ သိပ်မ ကြာလိုက်ပါဘူး။မိုင်တဲလ်ကိုမိုက်တယ်ဆိုပြီး ဟိုအဘကြီးက ငွေလာဆွဲလိုက်၊ဒီအဘကြီးက ငွေလာဆွဲလိုက်နဲ့ မိုင်တဲလ်ဆိုတာ နယ်ထိန်းက ကြုံသလိုဝင်ဆွဲလို့ရတဲ့ ဖာတန်းလိုအရှုပ်ထုပ်တွေက ပြေးပြေးလွှားလွှားနဲ့လိုင်း ပေါ်တက်လာရော။

ဆက်စပ်ကြည့်လိုက်တော့ ဘဏ္ဏာရေးအရာရှိချုပ်ခမျာ ဟိုအဘကြီး၊ဒီအဘကြီးနဲ့ ပတ်သက်ရာပတ် သက်ကြောင်းတွေဆွဲထားတဲ့ငွေကိုပြန်တောင်းတော့ အဘကြီးတစ်ကောင်ကောင်က မေးဆတ်ပြလိုက်တဲ့ပုံ။ အဘတွေ မျိုးရိုးကိုက ပြည်သူ့ပိုက်ဆံကို ခိုးဆိုးတိုက်ခိုက်အချောင်နှိုက်ခဲ့သမျှ ကိုယ်ကျိုးမရှိဘဲ ကိုယ့် အိတ်ထဲက ငါး ပြားတစ်စေ့ကိုတောင် ပြန်ထွက်ခဲ့ကြတာမှမဟုတ်ဘဲ။

အခုအချောင်ရလို့ ဝင်နှိုက်ထားတာကို ပြန်ပေးဆိုတော့ လည်း စာရင်းဖျောက်ရတော့တာပေါ့။ အာဏာရှင်ဆိုတာ အာဏာနဲ့ပတ်သက်ရင် ငွေနဲ့ပတ် သက်ရင် ဇာတ်တူသားလည်း စားတတ်မှန်း သက် သေပြလိုက်တဲ့သဘောပေါ့။ ခေတ်ပျက်ကြီးဆိုတော့ ရှော့ရတာလွယ်တယ်လေ။၈၈တုန်းက အချီကြီးဝိုက်ထားတဲ့သမဆိုင်လူကြီး တွေ စာရင်းဖျောက်ချင်လို့ ဆိုင်ပြန်မီးရှို့တာ ထက်တောင်လွယ်သေး။

ပစ်ပြီးရင် PDF လွှဲချလိုက် အေးဆေး။ ဘယ်လောက်တောင်အေးဆေးလဲဆို မနက်၇နာရီခွဲလောက် ကတည်းက အသတ်ခံရတာ မွန်းလွဲပိုင်းအချိန်ထိ ဘယ်ငစစ်ဘယ်ငရဲမှ မလာတာပဲကြည့်တော့။

ခေတ်ကြီးက လမ်းဘေးက ဘိန်းစားသတင်းပေးအသတ်ခံရတော့ ငစစ်တွေ ကားကြီးကားငယ်အ သွယ်သွယ်နဲ့ ဝေါခနဲရောက်ရှိ၊သောက်ခွက်တွေအတင်းကြီးနဲ့ အနီးဝန်းကျင်အကုန်လိုက်စစ်၊မသင်္ကာရင် ဖမ်း နဲ့ နေရာတိုင်းမှာ အဲလိုရှုပ်ခဲ့သမျှ အခုမိုင်တယ်လ်ရဲ့အကြီးအကဲတစ်ယောက် အပစ်ခံရတော့ လူမြင် ကောင်းအောင်ကို လာကြည့်ဖော်မရ။ ဪ၊သူ့ခမျာ သေတာတောင် ဘိန်းစားသတင်းပေးလောက် လူရာ မဝင်တဲ့ဘဝ။

အဘတို့လောကကြီးက အဲသလို အလစ်တွယ်တာတွေ၊အလစ်သုတ်တာတွေ၊ထိုးကျွေးတာတွေ၊ထိုး ထည့်တာတွေ၊အာဏာလည်းပြုတ်ရော အစွယ်လည်းကျိုး အမြီးလည်းကုပ်ပြီး စိပ်ပုတီးတဂျောက်ဂျာက်နဲ့ ငရဲ ရောက်မှာကြောက်ရတာတွေနဲ့ အခုလည်း ထပ်ကြားရတဲ့ သူတို့လောကသတင်းက မျက်နှာကြောတင်းလှတဲ့ ငစိုးဝင်း ကို သေကျင်းတူးခိုင်းနေတယ်ဆိုလား။

တော်ကီကထိပ်တုံးကြီးဆိုတော့ အာဆီယံထိပ်သီးပြီးလို့ အာဆီယံထိပ်လေးတွေတက်ရတဲ့ ဖောရှော အစည်းအဝေးမှာ ကိုယ့်လူငစိုးဝင်းက အာဆီယံဆုံးဖြတ်ချက်တို့လက်မခံဆိုပြီး လက်သီးလက်မောင်းတန်း နေ လို့ ဪ၊သူလေးလည်း မောင်ဝီလိုမျိုးချစ်သုတ် ငယ်ထိပ်ဆောင့်နေသလားလို့ မှတ်နေတာ ဘယ်ဟုတ် ပါ့မလဲ။

သာဝက ဒါပြော၊ဒီလိုမျက်နှာကြောတင်းပြီးပြော ဆိုလို့ မျက်နှာကိုရေခဲရိုက်ပြီးပြောရတာတဲ့။မျက်စိ ကြီး နားကြီး တော်ကီ့တပည့်ဆလူးစိန်က အဲဒီလိုလက်ချာလှမ်းရိုက်လို့သိရတာ။ဘာဖြစ်လို့လဲမေးတော့ သာ ဝက ငစိုးဝင်းတစ်ယောက်တည်းကျန်ခဲ့မှာစိုးတဲ့စေတနာ။ပြည်သူ့အမုန်းလည်းဆတူခံ၊ICJ သွားလည်း လက် ထိပ် တစ်ဖက်စီ။သာဝတူးနေတဲ့ သေတွင်းကိုလည်း ငစိုးဝင်းပါ အတူခုန်ဆင်းနိုင်ဖို့ ဆက်တူးခိုင်းလိုက်တာ တဲ့။

ဘာပဲဖြစ်ဖြစ် နှစ်ယောက်တူးတော့လည်း သေတွင်းကပိုနက်သွားတော့ သာဝကြိုက်တဲ့မြေ အောက် လမ်းကနေငစိုးဝင်းကိုစီးပြီး ငရဲဆီ တန်းရောက်သွားနိုင်တယ်မဟုတ်လား။မကြာဘူး၊မလာဖူး တာတွေလာ တော့မယ် မဟုတ် လား။ကိုယ့်အလှည့်ကျ မျက်ရည်ကျမပြကြေး။ မြန်မြန်တူးကြ၊များများတူးကြ၊၂၄နာရီ မပြတ် အလှည့်ကျသာ တူးထားလိုက်ကြ။

တော်ကီ