အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ်မှာ စစ်အုပ်စုအင်အား ၄ထောင်ကျော်သာ ကျန်ရှိ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက စစ်ရေးအရှိန်မြှင့်တင်နေတဲ့ အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားဟာ ၄ထောင်ကျော်လောက်ပဲ ကျန်တော့တယ်လို့ CDM တပ်မတော်သားတစ်ဦးက ဖွင့်ချလိုက်ပါတယ်။

ဆက်သွယ်ရေးပိုင်းဆိုင်ရာ Data Operator တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ဦးဟာ Fox Army-HPDFအဖွဲ့နဲ့ ချိတ်ဆက်ပြီး ပြည်သူ့ထံအလင်းဝင်ကာ CDM လုပ်ဆောင်အပြီးမှာ အခုလိုဖွင့်ချခဲ့တာဖြစ်တယ်လို့ Fox Army-HPDFက ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အင်အားဟာ ၄ထောင်ခန့်သာ ကျန်ရှိပြီး ထွက်ပြေးချင်သူတွေလည်း များပြားနေတယ်လို့ CDMတပ်မတော်သားက ဆိုပါတယ်။

ထွက်မပြေးနိုင်သူတွေဟာလည်း စိတ်ဓာတ်ကျနေသလို မူးယစ်ဆေးဝါးအသုံးပြုနေကြပြီး ရတဲ့လခတွေနဲ့လည်း မလုံမလောက်ဖြစ်နေတယ်လို့ CDMတပ်မတော်သားရဲ့ ပြောဆိုချက်ကို Fox Army-HPDF သူက သတင်းထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

CDMတပ်မတော်သားကို Fox Army-HPDFက ဘေးကင်းလုံခြုံတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Fox Army-HPDF