နိုင်ငံရေး

မြဝတီမြို့ကပျောက်ဆုံးကလေးငယ် တလနီးပါးကြာသည်အထိ ရှာမတွေ့

မြဝတီမြို့က ပျောက်ဆုံးနေတဲ့ အသက်ခုနစ်နှစ်အရွယ်ကလေးငယ်ကို တလနီးပါးကြာချိန်အထိ ပြန်ရှာမတွေ့ သေးဘူးလို့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။ “သားလေးသတင်းကခုထိအစအနမရဘူးကူပြီးရှာပေးတဲ့သူလဲမရှိဘူး၊ရဲစခန်းကတိုင်ချက်ဖွင့်လဲဒီဖက်မှာရှာပေးမယ့်သူ့မရှိဘူး၊ သားလေးကိုတော့မျှော်နေရတာပေါ့”လို့ သူကပြောပါတယ်။ မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်ထဲက ရွှေဘုန်းပွင့် (၁၉) လမ်းမှာရှိတဲ့ မိုးမခဘုန်းကြီးကျောင်းအနောက်ဘက်က နေအိမ်အနီးမှာ အသက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီမှာ စစ်တပ် ရိက္ခာတင်စက်လှေ တိုက်ခိုက်ခံရပြီး ပကဖတွေက ဆန်အိတ်ရှစ်ဆယ်ကျော် သိမ်းဆည်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် ငါးဖျတ်ရွာ အနီးမှာ မုံရွာကနေထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆန်အိတ် (၈၂) အိတ်နဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်းကာ စက်လှေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Department of information – [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ် ကူးစက်မှုနဲ့ အသေအပျောက် စာရင်းမှန်တွေ ထုတ်ပြန်ဖို့ တရုတ်ကို WHO ဖိအားပေး

တရုတ် အာဏာပိုင်တွေဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို အများကြီး လျှော့ချပြီး ထုတ်ပြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ကိုဗစ်ရောဂါနဲ့ သေဆုံးကြောင်း စံသတ်မှတ်ချက်ကို အရမ်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်ဒရုန်းတွေမှာ အမေရိကန် ကုမ္ပဏီ ၁၃ ခုက ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်နေ

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေ အသုံးပြုနေတဲ့ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေမှာ အနည်းဆုံး အမေရိကန် ကုမ္ပဏှီ ၁၃ ခုရဲ့ ထုတ်ကုန် အစိတ်အပိုင်းတွေ ပေါင်းစပ် ပါဝင်နေကြောင်း သိရပါတယ်။ ယူကရိန်းစစ်တပ်တွေ ကြားဖြတ် ပစ်ချခဲ့တဲ့ Shahed-136 [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ထားတဲ့ စစ်သင်္ဘောသစ် ရေချပွဲကို ပူတင် ကြီးမှူး

ဟိုက်ပါဆောနစ် ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘောသစ်ကြီးတစ်စီး ရေချပွဲ အခမ်းအနားကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဗီဒီယိုကောလ်ကတဆင့် ချိတ်ဆက်ပြီး ကြီးမှူးခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲကြောင့် နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာချိန်မှာ ရုရှားရေတပ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်မှာ ပွဲမထွက်နိုင်သေးတဲ့ ရော်နယ်လ်ဒို

ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာကို ပြောင်းရွှေ့ ရောက်ရှိသွားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြစ်ဒဏ်ဟောင်းကြောင့် အသင်းသစ်မှာ ပွဲထွက်ခွင့် မရသေးဘူးလို့ သိရပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားနေတဲ့အချိန် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက အဲဗာတန်နဲ့ပွဲမှာ ပရိသတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလွတ်လပ်မှုတွေကြားက လွတ်လပ်ရေးနေ့ သပိတ်များ

ဒီကနေ့ဟာ ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့တဲ့ (၇၅) နှစ်မြောက် တနည်းအားဖြင့် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်လက်အောက်မှာ စစ်ကျွန်ဇာတ်သွင်းခံနေရဆဲ မြန်မာပြည်သူတွေအဖို့တော့ ကတယ့် လွတ်လပ်ရေးနေ့ကို ရောက်မလာသေးပါဘူး။ လူထုလိုလားတဲ့ တကယ့်လွတ်လပ်ရေးရဖို့ လူထုကိုယ်တိုင် လက်နက်ကိုင်စွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ထောင်က နိုင်ကျဉ်းသုံးဆယ်ရှစ်ဦး လွတ်မြောက်ပြီး သတင်းထောက် နှစ်ဦးပါဝင်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးနဲ့ ပုသိမ်မြို့ခံ ၈ ဦး လွတ်မြောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၈၈ ကျောင်းသားဟောင်း ဦးညီညီကျော် အိုးဘိုထောင်က ပြန်လွတ်လာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ ကျောင်းသားဟောင်း ဦးညီညီကျော်ဟာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးညီညီကျော်ဟာ ABSDF ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး စစ်အာဏသိမ်းပြီးနောက် ပုဒ်မ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြထောင်က နိုင်ကျဉ်း ၂၆ ဦး ပြန်လွတ်လာပြီး သတင်းထောက်နှစ်ဦးပါဝင်

ဧရာ၀တီတိုင်း၊ မြောင်းမြအကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးနဲ့ မြောင်းမြမြို့ခံ သတင်းထောက် ၂ ဦး လွတ်မြောက်လာတယ်လို့ နိုင်ကျဉ်းတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ “ အိမ်မဲ၊ မြောင်းမြ၊ [ဆက်လက်ဖတ်ရှုရန်]