နိုင်ငံတကာရေးရာ

ယူကရိန်းက ရုရှား စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ဦးစီးကို ပူတင်ဖယ်ရှား

ယူကရိန်းက စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေတဲ့ ထိပ်တန်း စစ်ဦးစီး တဦးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ဗိုလ်ချုပ် ဆာဂျီ ဆူရိုဗီကင်ဟာ သူ့ရဲ့ လက်ရှိ တာဝန်တွေကနေ ဖယ်ရှားခံရပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ခွဲထွက်ဖို့ ကြိုးစားရင် ထိုင်ဝမ်ကို အပြင်းအထန် ဒဏ်ခတ်မယ်လို့ တရုတ် ထပ်မံခြိမ်းခြောက်

လွတ်လပ်ရေး ကြေညာပြီး ခွဲထွက်ဖို့ ကြိုးစားမယ်ဆိုရင် ထိုင်ဝမ်ကို စစ်ရေးအရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်သွားမယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး သီးခြားရပ်တည်လိုတဲ့ ကျွန်းနိုင်ငံလေးနဲ့ ပတ်သက်လို့ တရုတ်က ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ ခြိမ်းခြောက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာရှနိုင်ငံ တချို့မှာ ပိုးသတ်ဆေးဒဏ် ခံနိုင်စွမ်း မြင့်မားလွန်းတဲ့ ခြင်တွေ တိုးပွားလာနေ

ပိုးသတ်ဆေးဒဏ်ကို ဒူပေနာပေ ခံလွန်းတဲ့ ခြင်တွေ အာရှတိုက်ရဲ့ ဒေသတချို့မှာ လျင်လျင်မြန်မြန် တိုးပွားလာနေတယ်လို့ ဂျပန်နိုင်ငံက သုတေသီတွေက သတိပေးခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ တခြား ကူးစက်ရောဂါ တချို့ကို သယ်ဆောင် ဖြန့်ဝေလေ့ရှိတဲ့ ခြင်တွေဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပေါ်တူဂီ လူငယ်တိုက်စစ်မှူး ဖီးလစ်ကို ချဲလ်ဆီး အငှားခေါ်ယူ

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချဲလ်ဆီးဟာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ယာအို ဖီးလစ်ကို ဘောလုံးရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းမှာ ကစားနေတဲ့ အသက် ၂၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးက စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်

စစ်ကောင်စီရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ဆားလင်းကြီးနယ်ထဲက ဒေသခံတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။ ဆားလင်းကြီးနယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတလျောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာလည်း ညတွင်းချင်းရွာကနေထွက်ပြေးတိမ်းရှောင်ရတာတွေလည်းဆက်ဖြစ်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ ဒေသခံဆယ်ဦးရဲ့အသက်အန္တာရာယ်ကို စိုးရိမ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခုဇန်နဝါရီ ပထမပတ်ထဲမှာစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုအတွင်း လူသားဒိုင်းအဖြစ်စစ်ကောင်စီကဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးဟာတပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်လာတဲ့အတွက် အသက်အန္တာရယ် စိုးရိမ်နေတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ဆပ်ပြာကျင်း၊ ဝန်းရံ၊ ကုန်းရိုးရွာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-မော်လမြိုင် ကားလမ်းမှာပေါ်မှာ တိုက်ပွဲဖြစ်နေပြီး အနီးအနားက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးနေ

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သထုံမြို့ကနေဘီလင်းဘက်ကိုပြန်လည်ထွက်ခွာလာတဲ့ စစ်ယာဥ်တန်းကိုဘီလင်းမြို့ဒေါက်ရပ်ကျေးရွာအနီးရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ KNLA ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေ လူထုကို နှိုးဆော်

စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့နဲ့ လူထုကို တော်လှန်ရေးသတင်းစကားပြောဆိုတဲ့ ကမ်းပိန်းတစ်ခုကို ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ရန်ကုန်တော်လှန်ရေး အင်အားစုက လူငယ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့လူတချို့ကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးနဲ့ မုံရွာမှာ စစ်ကောင်စီ လက်နက်နဲ့လုံခြုံရေးတင်းကျပ်ပြီး လူဦးရေစာရင်းကောက်ယူနေ

မန္တလေးမြို့နဲ့ မုံရွာမှာရှိတဲ့ မြို့‌ပေါရပ်ကွက်တွေမှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီလက်အောက်ခံတပ်သားတွေနဲ့လက်နက်နဲ့လုံခြုံရေးယူပြီး ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေကပြောပြကြပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ မုံရွာမြို့ပေါ်ရပ်ကွက်တွေအတွင်း [ဆက်လက်ဖတ်ရှုရန်]