ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးမီးရှို့ခံရတဲ့ ထီးလင်း ရွှေခုံတိုင်ရွာက အသက်ရှစ်ဆယ်ကျော်မျက်မမြင်အဖွားအိုမီးလောင် သေဆုံး

မတ်၊ ၁၇  မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာကို မတ်လ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး အသက်ရှစ်ကျော်အရွယ် မျက်မ မြင်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။  မီးလောင်ပြီးအသက်ဆုံးရှုံးခဲ့ရသူဟာ ရွှေခုံတိုင်ရွာခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေးညှိနှိုင်းဖို့ မမြင်သေးဘူးလို့ အထူးကိုယ်စားလှယ် ကုလမှာ တင်ပြခဲ့

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG နှစ်ဘက်လုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေကြပြီး နှစ်ဘက် ညှိနှိုင်းဖို့ အလားအလာဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ဒီကနေ့ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သတ်ပြီးလေ့လာတွေ့ချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံတမန် တွေကို တင်ပြခဲ့ရာမှာထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ‘’ကျွန်မမြင်တာကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သင်္ကြန်မှာ အလွန်အကျူး မပျော်ပါးကြဖို့ တော်လှန်ရေးအဖွဲ့တွေမေတ္တာရပ်ခံ

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း စစ်ကြောင်းထိုး၊မီးရှို့မှုတွေနဲ့ဖမ်းဆီးသတ်ဖြတ်တွေကျုးလွန်နေလို့ ဒုက္ခ ရင်ဆိုင်နေရသူတွေကို ငဲ့ညှာတဲ့အနေနဲ့ သင်္ကြန်ကာလမှာ အလွန်အကျူး မပျော်ပါးကြဖို့ ရန်ကုန်မြို့ပြပြောက် ကျားအဖွဲ့တွေက မေတ္တာရပ်ခံတောင်းဆိုကြပါတယ်။ “တတိုင်းပြည်လုံး စိတ်ဆင်းရဲနေချိန်၊အတော်များများ အိမ်မဲ့ယာမဲ့ မတရားသတ်ဖြတ်ခံရနေချိန်မှာ ဝမ်းမနည်း ရင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အစုအပြုံလိုက်အသတ်ခံရမှုတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာအထောက်အထားနဲ့ တင်ပြ

မတ်၊ ၁၇ ပြည်တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်လူသတ်မှုတွေကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မနေ့မတ်လ ၁၆ ရက်မှာလုပ်တဲ့ ကုလအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အခုလထဲမှာပဲဖြစ်သွားတဲ့ စစ်ကိုင်းတိုင်းထဲကတာတိုင်ကျေးရွာမှာ စစ်တပ်ကဖမ်းသွားတဲ့ ဒေသခံ ၁၇ဦးအစုလိုက်အသတ်ခံရမှုနဲ့မတ်လ ၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုလံဘီယာ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှု နှစ်ဆယ်ကျော်သေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံး

မတ်၊ ၁၇ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းမှာ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး အခုအခါ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။  အခုသီတင်းပတ် အစောပိုင်းက ဆူတာတော်ဆာမြို့နားမှာ ကျောက်မီးသွေးတွင်းထဲမှာ ပေါက်ကွဲမှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း၈ရွာက လူပေါင်း ကိုးထောင်ကျော် စစ်ရှောင်ရပြန်

မတ်၊ ၁၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်  ဒီကနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ စစ်ကြောင်းဝင်လာတာကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ဆည်ကြီး။ ကျီးအိုင်။ သဲကြီးကုန်း၊ မရမ်းအင်း၊ ကုန်းသာစတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးပို့မယ်လို့ ပိုလန် ကြေညာ

မတ်၊ ၁၇ စစ်ပွဲကာလအတွင်း ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကူညီပို့ဆောင်မယ့် ပထမဆုံး နိုင်ငံအဖြစ် ပိုလန်က မှတ်တမ်းဝင်လာခဲ့ပါတယ်။  မတ် ၁၆ ရက်မှာ ပိုလန် အစိုးရက သူတို့ရဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ် ၄ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ရက်ရှ်ဖို့ဒ်ရဲ့ စိတ်ဓာတ်ပိုင်း အားကောင်းမှုကို ချီးကျူးခဲ့တဲ့ တန်ဟက်ဂ်

မတ်၊ ၁၇ တိုက်စစ်မှူး မားကက်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အာရုံစူးစိုက်မှု၊ ဇွဲမလျှော့မှုစတဲ့ စိတ်ဓာတ်ရေးရာ အရည်အသွေးတွေကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးသွားခဲ့ပါတယ်။  လက်ရှိရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အသက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ယူရိုပါလိဂ်ကနေ ထိုက်ထိုက်တန်တန် ထွက်ခဲ့ရတာလို့ အာဆင်နယ် မန်နေဂျာ ဝန်ခံ

မတ်၊ ၁၇ စပို့တင်း လစ္စဘွန်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ်က ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ် အနေနဲ့ ရှိသင့်တဲ့ စံနှုန်းနဲ့ စွမ်းဆောင်ရည်မျိုးအတိုင်း မကစားနိုင်ခဲ့ကြောင်း အသင်းမန်နေဂျာ မစ်ကယ် အာတီတာက ဝန်ခံခဲ့ပါတယ်။  ယူရိုပါလိဂ် ၁၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်လှုပ်ရှားမှုများ

မတ်၊ ၁၆ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင် ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ရန်ကုန်မြို့မှာ ဗကသကျောင်းသားတွေက စစ်အာဏာရှင်ဆန့်ကျင် [ဆက်လက်ဖတ်ရှုရန်]