ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုပြုလုပ်မယ့် အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ GSCB က‘မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ’ ဆိုပြီး ထုတ်ပြန်ရာမှာ အဲဒီလို ဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံက YGN Bar ကို တိုက်ခိုက်ခဲ့တယ်လို Justice Bringer Force ထုတ်ပြန်

မြောက်ဒဂုံ၊ ပြည်ထောင်စုလမ်းမကြီး၊ စွမ်းအင်ကားမှတ်တိုင်နားမှာရှိတဲ့ YGN Barကို ဒီနေ့မနက်ပိုင်းက Justice Bringer Force -JBF က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ အာဏာသိမ်း စစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ ထောက်တိုင်တွေနဲ့ ငွေကြေးအရ ပံ့ပိုးနေသူတွေအပြင် ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက် စစ်တပ်ဟာ သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲပြီး PDF လုပ်သယောင် ဝါဒဖြန့်နိုင်ခြေရှိ

အကြမ်းဖက်စစ်တပ်ဟာ သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲဖျက်ဆီးပြီး PDF တွေ ပြုလုပ်သယောင် ဝါဒဖြန့်နိုင်ခြေရှိတာကို သတိပြုကြဖို့လိုကြောင်း တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သူတို့ကိုထောက်ခံသူတွေကိုပါ အသုံးချဖို့ရာ ဝန်မလေးတဲ့အပြင် သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ် ရရှိရေးအတွက် ဘာမဆိုလုပ်ဝံ့တယ်ဆိုတာ အကြိမ်ကြိမ်သက်သေပြပြီး ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ကြန်ကာလအတွက် စင်ကာပူနှင့် ထိုင်းနိုင်ငံလေယာဉ်လက်မှတ် အားလုံး‌နီးပါး ရောင်းကုန်

သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံကနေ စင်ကာပူနဲ့ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် ခရီးသည်‌တွေ များနေတာကြောင့် လေယာဉ်လက်တွေ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက DNA ကို ပြောပါတယ်။ စင်ကာပူနဲ့ ထိုင်းခရီးစဉ်တွေအတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်း အုပ်ကြီးတစ်ဦးနဲ့ တပည့် ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့၊ စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်တစ်ဦး ရှင်းလင်းခံရတယ်လို့ သိရပါတယ်။ ကျောက်တန်းမြို့နယ် စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမိုး နဲ့သူရဲ့ တပည့်နှစ်ဦးကို ဧပြီလ ၂ ရက် နေ့လည် ၁၂ နာရီခွဲလောက်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဘရာဇီးမှာ မိုးကြီးပြီးမြေပြိုလို့ လူ ၁၄ယောက်မနည်းသေဆုံး

ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေယိုးပြည်နယ်ထဲက တောင်ပိုင်းကမ်းရိုးတန်းမြို့တွေမှာ မိုးများပြီး မြေပြိုမှုတွေဖြစ်လို့ လူ ၁၄ယောက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဧပြီလ ၂ရက်နေ့မှာ ပြောပါတယ်။ ရီယိုဒီဂျနေယိုးပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မိုးသည်းသည်းမည်းမည်းရွာပြီး ရာသီဥတု အခြေ အနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒုတပ်ရင်းမှူးနဲ့စစ်သည်တစ်ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးနဲ့ စစ်သား ၁ ဦး တို့ဟာလက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် ခမရ (၅၈၅)က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းဒေသရွာ၂ ရွာကို အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။ ရေလယ်ကျွန်းဒေသကို တောင်ဘက်ကနေဝင်လာတဲ့အကြမ်းဖက်တပ်ဟာ လှေခုတ်ကျေးရွာထဲ လက်နက်ကြီး နဲ့ပစ်ပြီး ရွာသားတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီနေ့မွန်းလွဲ ၃နာရီ၅၇မိနစ်မှာ YSO News & [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်း၊ ဖောင်တော်ဦး ကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ် မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ဖောင်တော်ဦးကျောင်းတိုက်ကို မီးရှို့ဖျက်ဆီးနေကြောင်း YSO News & Information က ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ YSO [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်လုပ်မယ့် ခရမ်းသင်္ကြန်ကို ပြင်းထန်စွာ ဟန့်တားမယ်

အကြမ်းဖက်စစ်တပ် ပြုလုပ်တဲ့ သင်္ကြန်ပွဲကို နည်းမျိုးစုံနဲ့ ပြင်းထန်စွာ တားမြစ်သွားမယ်လို့ ခရမ်းမြို့ပြတော်လှန်ရေးအဖွဲ့ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ် ပြုလုပ်မယ့် ခရမ်းမြို့ သင်္ကြန်မှာပြည်သူတွေ မပါဝင်ကြဖို့နဲ့ ရေစကားခြင်းနဲ့ ရေပက်ခံထွက်တဲ့လူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသူအဖြစ်သတ်မှတ်မယ်လို့ ဆိုသလို [ဆက်လက်ဖတ်ရှုရန်]