နိုင်ငံတကာရေးရာ

အာဏာရပါတီနဲ့ ဆက်နွှယ်နေတဲ့ ဘာသာရေးဂိုဏ်း အရှုပ်အထွေးကို စုံစမ်းဖို့ ဂျပန်ဝန်ကြီးချုပ် အမိန့်ပေး

အာဏာရ ပါတီဝင် တချို့နဲ့ ဆက်စပ်နေပြီး အရှုပ်အထွေး၊ နာမည်ပျက်တွေ ရှိနေတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုအကြောင်း စုံစမ်းစစ်ဆေးဖို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အမိန့်ပေးလိုက်ပါတယ်။  ပေါင်းစည်းမှု ကျောင်းတော်လို့ နာမည်ပေးထားတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သုံ့ပန်းလဲလှယ်မှုအရ ရုရှားလက်ထဲက ယူကရိန်း အမျိုးသမီး တစ်ရာကျော် လွတ်မြောက် 

သုံ့ပန်းလဲလှယ်ရေး အစီအစဉ်အရ ရုရှားတပ်တွေ ဖမ်းဆီးထားတဲ့ ယူကရိန်း အမျိုးသမီး ၁၀၈ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။ တစ်ဖက်မှာတော့ ယူကရိန်းက ရုရှား သင်္ဘောသားတွေ အပါအဝင် ၁၁၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။  ရုရှားလက်ထဲက [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘန်ဇီးမား ဆွတ်ခူး 

အခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ပရိသတ် အများစု ခန့်မှန်းထားတဲ့အတိုင်း ကာရင် ဘန်ဇီးမားက ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။  ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ သူ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို CDF မတူပီက ဖမ်းမိ

ချင်းပြည်နယ်၊မတူပီမြို့အခြေစိုက် ခလရ တပ်ရင်း (၁၄၀)ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝ င်ငါး ဦးကို အခုလ ဒုတိယပတ်အတွင်း ဖမ်းမိခဲ့တယ်လို့ CDF မတူပီ တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်သားငါးဦးဟာ အခုလ(၈)ရက်မှာ တပ်က စတင်ထွက်ပြေးခဲ့တာဖြစ်ပြီး သုံးရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က ကျောင်းသားလူငယ်တွေ ပါဝင် တဲ့ဟောပြောပွဲသပိတ်

ကလေးမြို့သပိတ်အင်အားစုဟာ ကလေးမြို့နယ် ကျောင်းသားလူငယ်တွေနဲ့အတူ”ထကြွတော်လှန် ကျောင်းသား ထုအားမာန်” ခေါင်းစဥ်နဲ့ အောက် တိုဘာ (၁၇) ရက်မနက်ပိုင်းမှာ ဟောပြောပွဲသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ “ဒီနေ့နှစ်နေရာလုပ်ဖြစ်တယ်၊ကျောင်းသားလူငယ်တွေကို ဟောပြောတာမျိုး စည်းရုံးရေးဆင်း တာ မျိုးပေါ့၊ ပြီးရင်တော့လမ်းပေါ်ပြန်ထွက်ကြမှာ” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့၊ကန်ရွာအနီးမှာတိုက်ပွဲ ဖြစ်နေ

ဂန့်ဂေါမြို့နယ် ကန်ရွာအရှေ့တောင်ဘက်တဝိုက်မှာ ဂန့်ဂေါမြို့ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာ ကွယ်ရေးတပ်တွေ အောက်တိုဘာ (၁၇)ရက်မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီက သိရပါ တယ်။ “သူတို့ဘက်ကတော်တော်ထိတယ်၊ရဟတ်ယာဥ်နှစ်စီးလည်းလာဝဲတယ်၊ပစ်တော့ပစ်မသွားဘူး၊ ကိုယ့် ဘက်က လည်း နည်းနည်းအထိအခိုက်ရှိတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်ဦးတောင်ပိုင်း ကျေးရွာတွေကို စစ်တပ် ကမီးရှို့လို့ နေအိမ်သုံးရာကျော်ပျက်စီး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေ ကို စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး ခဲ့တာ ကြောင့် ပြည်သူ့နေအိမ် ပေါင်း သုံးရာ ကျော်လောက် ပျက်စီးဆုံးရှုံး သွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့CHU-PDF အဖွဲ့ က တာဝန်ရှိသူတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သပိတ်ကျင်း PDF စခန်းစီးနင်းခံရပြီး သိန်း တစ်ရာကျော်ဖိုးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ NCO သင်တန်းကျောင်းကို စစ်ကောင်စီကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်း သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်စခန်းလည်း စီးနင်းခံခဲ့ရပြီး လက်နက်နဲ့ပစ္စည်း ကျပ်သိန်းတရာကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သပိတ်ကျင်းတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူက DNA ကိုပြောပါတယ်။ “သူတို့သတင်းရတာက NCO သင်တန်းကွင်းကိုရတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အရှေ့ခြမ်း ရွာသုံးရွာက နေအိမ် တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အရှေ့ဘက်မှာရှိတဲ့ သစ်ဆိမ့်၊ ဆင်နင်းနဲ့ ပိတောက်ချုံကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာ (၁၄) ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာတွေထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် ပိတောက်ချုံရွာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးခရိုင် မီးသတ်ရုံးထဲမီးလောင်လို့ မီးသတ်ကားနှစ်စီးပျက်စီး

ချင်းပြည်နယ်၊ ဟားခါးမြို့ ခရိုင်မီးသတ်ရုံးထဲမှာ အောက်တိုဘာ (၁၅) ရက်မနက်အစောပိုင်းက မီးလောင်လို့ မီးသတ်ကားနှစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” သူတို့ရုံးထဲရပ်ထားတဲ့နေရာမှာ လောင်သွားတာ၊ ဘယ်သူရှို့တယ်တော့မသိရဘူး၊ သူတို့ (စကစ) တွေမရှို့ဘူးလို့လဲပြောလို့မရဘူး” လို့ ဟားခါး မြို့ခံတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]