ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ လက်နက်ကြီးကျည်ထိလို့ ဒေသခံ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ (၁၃) ရက် မနေ့က ညနေငါးနာရီခွဲဝန်းကျင်မှာ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ မြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်က ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကျွန်တော်တို့က လက်နက်ကြီးသံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးတရားစွဲထားတဲ့အမှုအတွက် စစ်ကောင်စီ တရားလိုနေရာက အစစ်ခံနေ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးတရားစွဲဆိုထားတဲ့ အမှုတွေအတွက် တရားလိုဖြစ်တဲ့ စစ်ကောင်စီဘက်ကို စတင်စစ်ဆေးနေပြီလို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက DNA ကိုအတည်ပြုပြောပါတယ်။ “အိုးဘိုထောင်ထဲက အထူးတရားရုံးမှာပဲ စစ်ဆေးတာ လုပ်နေတယ်။ တရားလိုကိုတော့ အရင်စစ်ပြီးသွားပြီးပေါ့။ အခုက လိုပြသက်သေတွေကို စစ်ဆေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့ တိုင်းလွှတ်တော်အမတ် နှစ် နှစ်ဆယ်နီးပါးထောင်ဒဏ်ချခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်က NLD ပါတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို စစ်ကောင်စီ ထောင်တွင်းတရားရုံးက ဒီဇင်ဘာ (၁၂) ရက်မှာ အမှုခြောက်မှုနဲ့ ထောင် ဒဏ် (၁၉) နှစ် အမိန့်ချလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နဲ့ ပျူစောထီးတွေသာနေတဲ့ရွာကို စျေးရောင်းတဲ့ စျေးသည်တွေ ကြိမ်ဒဏ်ပေးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေသာနေထိုင်တဲ့ ကော့ကျေးရွာ မှာ စျေးရောင်းချခဲ့တဲ့ စျေးသည်တွေကို ကြိမ်ဒဏ်ပေးပြီး စျေးမရောင်းဖို့ သတိပေးခဲ့တယ်လို့ Burma Rangers (ShweBo) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက DNA ကိုပြောပါတယ်။ “ကော့ရွာကျေးရွာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမ့်ဆန်တိုက်ပွဲမှာ စစ်ရှောင်ရင်း ကလေးငယ်တွေ အပါအဝင် ရွာသားသုံးဆယ်ကျော် ပျောက်ဆုံးနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာဖြစ်နေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ ကုန်းသာရွာက ရွာသားအယောက် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တွေက DNA ကို ပြောပါတယ်။ တပတ်ကျော်ကြာဖြစ်နေတဲ့ ဒီတိုက်ပွဲမှာ ရွာပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံက ပျူစောထီးခေါင်းဆောင် ဗုံးတွေ့မှုနဲ့ အဖမ်းခံရ

နေပြည်တော် ကားဝင်းတစ်ခုမှာ ဗုံးတွေ့ရှိမှုနဲ့ ပတ်သက်ပြီး သထုံမြို့က တော်ဝင်ကားလက်မှတ်အ ရောင်းဆိုင်ရဲ့ မိသားစုဝင် သုံးဦးနဲ့ ပတ်သက်ဆက်နွယ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မော်လမြိုင် နေပြည်တော်ကို ပြေးဆွဲခဲ့တဲ့ တော်ဝင်ယာဥ်လိုင်း ကားတစီးကို ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

လူအုပ်ဝါဒ နဲ့ လက်နက်ဝါဒ 

လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လစ်ဘရယ်ဝါဒလည်း မဟုတ်ဘူး၊ ဒီမိုကရေစီလည်း မဟုတ်ဘူး။ လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လူအုပ်ဝါဒနဲ့ လက်နက်ဝါဒသာ ဖြစ်တယ်။ ဘက်အသီးသီးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမ့်ဆန်တိုက်ပွဲမှာ စစ်တပ်က ကျေးရွာတွေဘက် လေကြောင်းက တိုက်ခိုက်နေတာကို နိုင်ငံတကာက အရေးယူပေးဖို့ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီးက တအောင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီကြား နှစ်ဖက်တိုက်ပွဲမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ လေကြောင်းကနေအကြိမ်ကြိမ် တိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့ တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီက တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ပေါင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်ကရွာရှစ်ရွာအရေးပေါ်ထွက်ပြေးတိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေလို့ ရွာရှစ်ရွာလောက် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်ကျေးရွာတွေကို ဝင်လိုက်ထွက်လိုက်လုပ်နေရာက ဒီဇင်ဘာ ၁၁ ရက်ကစပြီး ရွာစဉ်အလိုက် နေအိမ်မီးရှို့တာတွေ ပြန်လုပ်လာလို့ လှေတင်ဦး၊ ကတို့ကုန်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမြို့ပေါ်က စစ်တပ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး အင်အားတိုးထားတယ်လို့ဆို

တင်္နသာရီတိုင်း၊ ပုလောမြို့နယ်က မြို့ပေါ်နေရာ တချို့နဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေးအင်အားအများအပြားတိုးချထားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က စပြီး ပုလောမြို့မှာ [ဆက်လက်ဖတ်ရှုရန်]