ဒေသအလိုက် သတင်းကဏ္ဍ

KPDP ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို အင်းတော်မြို့အနီးမှာ ကြားဖြတ်တိုက်၊ ဆယ်ဦးနီးပါးသေဆုံးဟုဆို

မတ်၊ ၁၂ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ် ကသာ- နဘားကားလမ်း ဆယ်မိုင်ကျောက်ကွဲစက်အနီးမှာ KIA ၊ KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်း ၊မတ္တရာမြို့မှတဆင့် ထွက်ခွာလာတဲ့ အစီး ၅၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တန့်ဆည်မှာ စစ်တပ်ကဖမ်းသွားတဲ့ NLD ပါတီထောက်ခံသူအမျိုးသမီးကို တပတ်အကြာမှာ သေဆုံးလျှက်ပြန်တွေ့

မတ်၊ ၁၂ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်တွေက  မတ်လ ၄ ရက်နေ့က တန့်ဆည်မြို့ပေါ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် တပတ်အကြာမှာ အလောင်းကို တန့်ဆည်မြို့အရှေ့ဘက်မှာပြန်တွေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးပြီးနောက်အသတ်ခံရတဲ့အမျိုးသမီးဟာ တန့်ဆည်မြို့ဟောင်းဈေးမှာအလုပ်လုပ်နေတဲ့ အသက် ၂၆နှစ်အရွယ်မခိုင်လင်းကြည်ဆိုသူဖြစ်ပြီး NLD ပါတီထောက်ခံတဲ့ အမာခံတဦးဖြစ်တယ်လို့ မြို့ခံတွေကဆိုကြပါတယ်။ ‘’ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးခံရပြီး သတင်းပျောက်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော်အရေး စစ်အုပ်စုတာဝန်ခံရမယ်လို့ထုတ်ပြန်

မတ်၊ ၁၂ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ ဦးဆောင်ပြုလုပ်နေတဲ့ ပြည်ကြီးတံခွန် သပိတ်အင်အားစုကော်မတီရဲ့ ဦးဆောင်ဆရာတော် ဦးအဂ္ဂ ကို စစ်ကောင်စီတပ်တွေဖမ်းဆီးသွားပြီး တပတ်ကြာတဲ့အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တချို့ ပိတ်မိနေ

မတ်၊ ၁၂ ကယား(ကရင်နီ) ပြည်နယ် ထဲက ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ရှောင်တချို့ ပိတ်မိနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ “ စစ်ရှောင်တွေက ပိတ်မိနေတယ်လို့ပဲ ပြောရမှာပေါ့နော်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံမှာ သေဆုံးတဲ့ မြန်မာလင်မယားအတွက် နစ်နာကြေးပေးဖို့ ခြံရှင်ကငြင်းဆန်နေ

မတ်၊ ၁၂ ထိုင်းနိုင်ငံ၊ ကန်ချလာလုံမြို့နယ်၊ ဥဘွန် ဖက်အိစံ ဒေသရှိ စိုက်ပျိုးရေးခြံတခြံမှာ ခြံအလုပ်လုပ်နေတဲ့ မြန်မာလင်မယားနှစ်ဦး ရေကန်အထဲမှာ သေဆုံးနေမှုအပေါ် ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများမှ ခြံပိုင်ရှင်က နစ်နာကြေးပေးဖို့ ​ငြင်းဆန်နေတဲ့အတွက် ဆက်လက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက နာမည်ကျော်ဒေါ်တောမုန့်တီဆိုင်ကို လက်လုပ်ဗုံံးနဲ့ သေနတ်ပြကာ ဓားမြတိုက်သွား

မတ်၊ ၁၂ မန္တလေးမြို့က နာမည်ကျော် ဒေါ်တောမုန့်တီဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်ဗုံးနဲ့သေနတ်ပြကာ ဓားမြတိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ ပါသွားခဲ့သလို မန္တလေးမြို့မှာ နှစ်ရက်ဆက် ဓားမြတိုက်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။   ​ဒီကနေ့ မနက် ၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါင်မြို့က ရင်းငြိမ်နယ်မြေရဲစခန်းဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဦးသေဆုံး

မတ်၊​ ၁၁ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်နယ်မြေရဲစခန်းကို ဒီကနေ့ မတ် ၁၁ ရက် နေ့လယ်ပိုင်း ၁ နာရီခွဲခန့်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

မတ်၊​၁၁ “ငါမထွက်ဘဲနေလို့ ငါ့လိုလူတွေများနေရင် ဒီမိုကရေစီရမှာမဟုတ်တော့ဘူး” အာဏာသိမ်းကာလအစောပိုင်းက ဒီစကားလုံးတွေကို လူမှုကွန်ရက်ကတဆင့်သိရ၊ကြားရပြီး ဝမ်းနည်း၊ မျက် ရည်ကျခဲ့ဖူးပါသလား။ အဲ့ဒီစကားပြောခဲ့တဲ့ ကိုချစ်မင်းသူကျဆုံးတာ ဒီကနေ့မှာ နှစ်နှစ်ပြည့်ပါပြီ။သွေးစွန်းနေတဲ့ အမည်းရောင် ကျောပိုး အိတ်တလုံး၊သပိတ်စစ်ကြောင်းမှာ အကာအကွယ်ရလိုရငြား အသုံးပြုခဲ့တဲ့ အသုံးအဆောင်တချို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ အိမ်ငါးဆယ်ဝန်းကျင်ပျက်စီး

မတ်၊​၁၁ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း ပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ထဲက နမ့်နိန်းကျေးရွာကို စစ်အုပ်စုက မီးရှို့လို့ နေအိမ် ငါးဆယ်လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “မနက်အစောကြီးကတည်းက ရွာကို တဖက်သတ် ပစ်နေတာပေါ့၊ရွာကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကချင်အခြေစိုက်ပါတီသုံးခု စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံပြန်တင်

မတ်၊ ၁၁ အင်အားကြီး ကချင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KIA/KIO က စစ်ကောင်စီရွေးကောက် ပွဲမှာ မပူးပေါင်းကြဖို့ ပြောထားပေမယ့်ကချင်ပြည် နယ်အခြေစိုက်ပါတီငါးခုထဲက သုံးခုကမှတ်ပုံပြန်တင်လိုက် ပါတယ်။ ကချင်ပြည်နယ် အခြေစိုက် ပါတီတွေဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ကချင်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]