နိုင်ငံရေး

ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Blazon ကွန်ဒိုကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး အမျိုးသမီးတဦးကို ဖမ်းဆီး

မတ်၊ ၁၃ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် Blazon ကွန်ဒို (ပင်လုံထိပ်ထား စံအိမ်)ကို မနေ့က မတ်လ ၁၂ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၁၅ယောက် ဝန်းကျင်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတဦးကို ဖမ်းဆီးသွားတယ်လို့ အဲ့ဒီကွန်ဒိုနဲ့အနီးရပ်ကွက်ဖြစ်တဲ့ မြေနီကုန်းမြောက်ရပ်ကွက်နေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ် တိုက်ပွဲမှာ ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကျအဆုံးများနေ

မတ်၊ ၁၃ ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကြီးအကျယ် ထိခိုက် သေကြေမှုတွေ များပြားနေတယ်လို့ သိရပါတယ်။ ရုရှားဟာ ဘက်ခ်မတ်ကို သိမ်းယူဖို့ အစွမ်းကုန် ကြိုးစားနေပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားက ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

မတ်၊ ၁၃ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ်ပြင်ကနေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ မတ် ၁၂ ရက် မနက်ပိုင်းက မဟာဗျူဟာ ခရုစ်ဒုံးကျည် နှစ်စင်းကို 8.24 Yongungအဆင့် ရေငုပ်သင်္ဘော [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ခံစစ်စွမ်းဆောင်ရည် မှတ်တမ်းကောင်းတခု ပိုင်ဆိုင်လာတဲ့ ဘာစီလိုနာ

မတ်၊ ၁၃ ဘာစီလိုနာ အသင်းဟာ စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ခံစစ် စွမ်းဆောင်ရည်ဆိုင်ရာ စံချိန် မှတ်တမ်းသစ် တခုကို ရေးထိုး စိုက်ထူနိုင်ခဲ့ပါတယ်။ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာဟာ ဆန်မာမက်စ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပရီးမီးယားလိဂ်မှာ ဒိုင်တွေက VARကို လိုသလို သုံးစွဲနေတယ်လို့ တန်ဟက်ဂ် ဝေဖန်

မတ်၊ ၁၃ ဒိုင်လူကြီးကို ဗီဒီယိုနဲ့ ထောက်ပံ့ကူညီတဲ့ ဗီဒီယို နည်းပညာ (VAR)ကို ပရီးမီးယားလိဂ်မှာ လိုသလို သုံးစွဲနေတယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ဝေဖန်သွားခဲ့ပါတယ်။ မတ် ၁၂ ရက်က [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

လောင်းလုံးမှာ စစ်တပ်ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် တပတ်အတွင်းစစ်ရှောင်သုံးဆတိုး

မတ်၊ ၁၂ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လပထမပတ်ကစလို့စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုတွေလုပ်နေသလိုနေအိမ်မီးရှို့မှုတွေလည်းရှိနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေတိုးလာတယ်လို့ဒေသခံတွေကပြောပါတယ်။ လောင်းလုံမြို့ အနောက်ဘက် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ကရင်ကြီး၊ ကမ်းပနီ၊ ပညစ် စတဲ့ ကျေးရွာ ၆ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းကင်းနယ်ကဒေသခံတစ်သာင်းခွဲကျော်စစ်ရှောင်နေရ ၊ စားသောက်ကုန်နဲ့ဆေးဝါးပြတ်တောက်မှုဖြစ်

မတ်၊ ၁၂ စစ်ကိုင်းတိုင်း၊မင်းကင်းနယ် တောင်တွင်းဒေသ ကကျေးရွာ၁၁ရွာက အိမ်ခြေ၅၀၀၀ကျော်ကဒေသခံတစ်သောင်းခွဲကျော်စစ်ရှောင်နေရပြီး စားသောက်ကုန်နဲ့ ဆေးဝါးပြတ်တောက်မှုဖြစ်နေတယ်လို့သိရပါတယ်။ “သက်ကြီးရွယ်အိုတွေ  ထမ်းသယ်ရတာတွေရှိတယ်  ။အဖွဲ့အစည်းတွေအနေဖြင့်   တောထဲမှာ သွေးအားလေအားနည်းလို့    ဆေးလိုက်ထိုးပေးရတာတွေရှိတယ် ။အစားအသောက် က ပဲကိုအားထားစားနေရတယ် ။ဆီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမြို့ဒေသခံတဦး စစ်ကောင်စီဖမ်းဆီးပြီး တရက်အကြာသေဆုံး

မတ် ၊ ၁၂ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ပေါ်၊မြို့မရပ်ကွက်၊မြန်မာ့စီးပွားရေးဘဏ်နဲ့မြို့မရဲစခန်းအနီးနေထိုင်တဲ့အသက် ၃၅ နှစ်အရွယ် ဦးဝင်းဆွေဆိုသူအမျိုးသားတဦးကိုစစ်ကောင်စီတပ်တွေက မတ်လ ၁၁ ရက်ညပိုင်းကဖမ်းဆီးခေါ်ဆောင်သွားပြီးတရက်မပြည့်မီသေဆုံးခဲ့တယ်လို့​ဒေသခံတွေရဲ့အတည်ပြုချက်အရသိရပါတယ်။ စစ်ကောင်စီမနေ့ညက ဖမ်းဆီးသွားတဲ့သေဆုံးသူရဲ့ရုပ်အလောင်းကိုဒီကနေ့မှာ ဒီပဲယင်းမြို့အတွင်း တင်းတိမ်ရံလမ်းခွဲမှာရှိတဲ့စစ်ကောင်စီဂိတ်အနီးမှာပဲလည်ပင်းကိုလှီးဖြတ်ထားတဲ့ဒဏါရာတွေအပါအဝင်လက်ပြန်ကြိုးတုပ်ရက်တွေ့ရှိခဲ့တာလို့သိရပါတယ်။ “သူကတောင်သူပါ။ရိုးရိုးသားသားနဲ့တအားအေးတဲ့သူ။အဲ့ဒါကိုမနေ့ကညကြီးနက်မှဝင်ဖမ်းသွားတာ။အိမ်မှာကလဲမိသားစုနည်းတယ်။နောက်နေ့မနက်ကျတော့တင်းတိမ်ရံဖက်သွားတဲ့သူတွေတွေ့တာ အလောင်းကတော့ပြန်ရပြီးအားချင်းသဂြိုလ်ရတယ် ။သူတို့ဂိတ်နဲ့နီးတယ်ဆိုပေမယ့်ပြန်သယ်လာလို့ရလိုက်တယ်”လို့ ဒေသခံတဦးကDNA ကိုပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်မှာစစ်ကောင်စီတပ်တွေနဲ့ရဲတွေအထိုင်ချထားပြီးပြည်သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးတာတွေပစ်ခတ်တာတွေပြုလုပ်လျက်ရှိနေပြီးတော့တချို့သတ်ဖြတ်မှုတွေကိုဒေသကာကွယ်ရေးတပ်တွေလုပ်တယ်ဆိုပြီးသတင်းလွှင့်တာမျိုးတွေရှိနေတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်းမှာ ဘုန်းတော်ကြီးသုံးပါးအပါအဝင် ဒေသခံ ၃၀ထက်မနည်းအစုလိုက်အပြုံလိုက်အသတ်ခံထားရ

မတ်၊ ၁၂  စစ်ကောင်စီ PNO တပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းကယားနယ်စပ် ပင်လောင်းမြို့နယ်က နမ်းနှိမ်ကျေးရွာမှာ ရဟန်းသံယာတော်တွေနဲ့ ဒေဿခံပြည်သူ အယောက် ၃၀ ကျော်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ KNDF က ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]