နိုင်ငံတကာရေးရာ

ငလျင်ကြောင့် ပါကစ္စတန်နဲ့ အာဖဂန်မှာ ဒေသခံတွေ အလန့်တကြား အိမ်အပြင်ထွက်ပြေး

မတ်၊ ၂၂ အင်အား ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်မှုကြောင့် အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဒေသခံတွေ အထိတ်တလန့် အိမ်အပြင် ထွက်ပြေးခဲ့ကြရပါတယ်။ မတ် ၂၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘာစီလိုနာ အဝတ်လဲခန်းထဲ သွားရောက်ခဲ့တဲ့ အူဘာမီယန်းကို ထုတ်ပယ်ဖို့ ချဲလ်ဆီး စဉ်းစားနေ

မတ်၊ ၂၂ ဘာစီလိုနာ အသင်းရဲ့ အဝတ်လဲခန်းထဲထိ သွားရောက် လည်ပတ်ခဲ့တယ်ဆိုတဲ့ အခြေအနေအပြီး တိုက်စစ်မှူး ပီယေး အမ်းမရစ်ခ် အူဘာမီယန်းကို ထုတ်ပယ်ဖို့ ချဲလ်ဆီး အသင်းက စဉ်းစားနေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့က ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရ

မတ်၊​ ၂၁ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်မင်္ဂလာရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို ဒီကနေ့ နေ့ လယ်ပိုင်းမှာ လက်နက်ကိုင်တစုက ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းအများအပြားယူသွားတယ်လို့ အဲ့ဒီရပ် ကွက်မှာနေထိုင်တဲ့မြို့ခံတဦးက DNA ကိုပြောပါတယ်။  အိမ်စီးကား Mark II တစီးအပြင် ဆိုင်ကယ်ငါးစီးနဲ့ လိုက်ပါလာသူတွေလည်းပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တဦး ထိခိုက်ဒဏ်ရာရ

မတ်၊ ၂၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာမှာ မနေ့မတ်လ ၂၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးကာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မနေ့ည ၇နာရီကျော်လောက်မှာ  ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အကြားမှာ ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ အမှတ်(၃၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ပိုင်း စစ်ဒေသ PDFတွေရဲ့လက်နက်ကြီး အခြေခံနဲ့မွမ်းမံသင်တန်းဆင်းပွဲ

မတ်၊ ၂၁ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသက PDFစစ်ကြောင်း ကိုးခုက တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးအခြေခံနဲ့ မွမ်းမံသင်တန်းဆင်းပွဲပုံရိပ်တွေဖြစ်ပါတယ်။ အဲ့ဒီသင်တန်းကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲ အမှတ် ၃ နဲ့ ဒေါန စစ်ကြောင်းတို့က ဦးစီးပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပါတီမှတ်ပုံပြန်မတင်ဖို့ အင်န်အယ်လ်ဒီ ဗဟိုကော်မတီ အတည်ပြု

မတ်၊ ၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီကို မှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဒုတိယအကြိမ်ဗဟိုအလုပ် ကော်မတီကြားကာလပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအစည်းအဝေးမှာအနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို အလေးထားဆောင်ရွက်ဖို့၊ ပါတီဝင်အချို့ထုတ်ပယ်တဲ့ကိစ္စနဲ့  NLD ပါတီကိုပြန်မှတ်ပုံမတင်ဖို့အပါအဝင် အချက် ၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီ နဲ့ ခင်ဦးမှာ မိုးရွာသွန်းမှုကြောင့် စစ်ရှောင်သောင်းနဲ့ချီပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်နေ

မတ်၊ ၂၁ စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ မနေ့က မိုးရွာသွန်းမှုအားကောင်းခဲ့တာကြောင့် စစ်ရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ အဲဒီဒေသကလူတွေကပြောပါတယ်။ ခင်ဦးမြို့မှာ မနေ့ကညပိုင်းက လေနဲ့ မိုးနဲ့ကြမ်းခဲ့တာကြောင့် တောထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတနဲ့စမ်းချောင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးနေ

မတ်၊ ၂၁ ရန်ကုန်မြို့ ၊သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကရဲတွေပစ်ခတ်ခံရမှုနဲ့ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းက ပစ်ခတ်သတ်ဖြတ်ခံရမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက DNAကိုပြောပါတယ်။ စစ်ကောင်စီဘက်က အခုလိုပိုက်စိပ်တိုက်ရှာဖွေတာကို သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအ ပါအဝင် ရဲသုံးဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲနယ်က ပျူရွာတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်

မတ်၊ ၂၁ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မြောက်ပိုင်းကစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေအခြေပြုတဲ့ ဇီးဖြူကုန်းရွာကို ဒီကနေ့ မတ်လ ၂၁ရက် မနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့တုံ့ပြန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပုလဲမြို့နယ်ဇီးဖြူကုန်းကျေးရွာမှာဒီကနေ့မနက်​လေးနာရီကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တွေပျူစောထီးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်ရှစ်နာရီအချိန်မှာစစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ပုလဲနယ်အခြေ စိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကရဲဘော်ပေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မှတ်ပုံပြန်တင်တဲ့ပါတီတွေထဲ ရွေးကောက်ပွဲအနိုင်မရခဲ့တဲ့ ပါတီနှစ်ဆယ်ကျော်ပါဝင်

မတ်၊ ၂၁ အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ မှတ်ပုံပြန်တင်တဲ့ပါတီ စုစု ပေါင်း (၃၂)ခုအထိရှိလာပြီး အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုးခုသာပါဝင်ပါတယ်။  စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ၊နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းပြီးနောက် ဖေဖော်ဝါရီ လဆန်းက‌နေ မတ်လကုန်အထိ [ဆက်လက်ဖတ်ရှုရန်]