ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်ထဲ စစ်ထုတ်ကုန်ဘီယာတွေကို ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ရမှာငဲ့ပြီး ပြန်လွှတ်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုထုတ်ကုန် ဘီယာတွေတင်လာတဲ့ စက်လှေနှစ်စီးကို ချင်းတွင်းမြစ်ထဲမှာ ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ပေးရမယ့်အရေးကိုငဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ပိုင် BOC စက်သုံးဆီတွေ ကို စက်လှေနှစ်စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာ၇ရက်နေ့ကနေ နိုဝင်ဘာ၃၀ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပစ်မှတ် တွေကို ၈၅ကြိမ် တော်လှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးပစ်မှတ်၁၃ခု၊စီးပွားရေးပစ်မှတ်၂၂ခုနဲ့အုပ်ချုပ်ရေးပစ် မှတ် အခု၅၀တို့ကို တော်လှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

စင်ကာပူမှာလာကန်မယ့် မြန်မာဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်

၂၊ဒီဇင်ဘာလ၊ ၂၀၂၁။ စင်ကာပူနိုင်ငံမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မယ့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ စင်ကာပူရောက် မြန်မာပရိသတ်တွေတည်ထောင်ထားတဲ့ Myanmar Football 12th Playersက ထုတ်ပြန်လိုက်ပါတယ်။ Myanmar Football 12th Playersဟာ စင်ကာပူမှာ လာရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၁၀လအတွင်း NLDပါတီဝင် ၁၃ဦးကျဆုံး၊၄၀၀ကျော် ဖမ်းဆီးခံထားရဆဲ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းကာလ၁၀လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၁၃ဦး ကျဆုံးခဲ့ပြီး အယောက် ၄၀၀ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ ဖေဖေါ်ဝါရီ၁ရက်ကနေ နိုဝင်ဘာ၃၀ရက်အထိ NLD ဗဟိုအလုပ်ကော်မတီ ကကောက်ယူထား တဲ့စာရင်းဖြစ်ပြီးလက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသူစုစုပေါင်းမှာ ၄၃၂ဦးရှိပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာ အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်ခန့်အပ်ဖို့ကြိုးပမ်းမှု ဖြစ်နိုင်ဖွယ်မရှိ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်ခန့်အပ်ဖို့ ကြိုးပမ်းမှုဟာဖြစ်နိုင်ဖွယ်မရှိဘူးလို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။ ကုလသမဂ္ဂ  စိစစ်ရေးကော်မတီက အာဖဂန်နစ္စတန်၊မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မီချီဂန်ပြည်နယ်အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ် ကျောင်းသား သုံးဦးသေဆုံး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အမေရိကန်နိုင်ငံ ၊ မီချီဂန်ပြည်နယ်က အထက်တန်းကျောင်းတခုမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ ကျောင်းသား ၃ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်း အောက်စဖိုဒ့် အထက်တန်းကျောင်းမှာ အသက် ၁၅နှစ်အရွယ် ကျောင်းသားတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြင်သစ်ကုမ္ပဏီ  မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်ထောက်ပံ့နေလို့ အရေးယူပေးဖို့ တောင်းဆို

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ပြင်သစ်နည်းပညာကုမ္ပဏီ Thales ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့နေတာ ကြောင့်အရေးယူပေးဖို့ တောင်းဆိုလိုက်ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)က ထုတ်ပြန်လိုက်ပါတယ်။ Thales ကုမ္ပဏီရဲ့စီးပွားဘက် အိန္ဒိယနိုင်ငံက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေပိုပြင်းထန်လာလို့ စစ်ကိုင်းတိုင်းပြည်သူ နှစ်သောင်းခွဲကျော် ထပ်မံနေရပ်စွန့် ထွက်ပြေး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေ ကြောင့် စစ်ကိုင်းတိုင်းမြို့နယ်၄ခုက ပြည်သူ၂၆၀၀၀ကျော်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးရတယ်လို့ UNOCHA Myanmar က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်း၊ အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးက လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေပြီး နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၂၀၂၂ခုနှစ်မှာ မြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြဿနာကို ရင်ဆိုင်ရနိုင်

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံစုစုပေါင်းလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်ဟာ ဆင်းရဲမွဲတေမှုပြဿနာကို ရင်ဆိုင်ရနိုင်တယ်လို့ UNDP(ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်)က ဒီကနေ့ထုတ်ပြန်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကျဆင်းမှု ဟာ လွန်ခဲ့တဲ့ ၅နှစ်နဲ့နှိုင်းယှဉ်ရင် ၂ဆတိုးလာနိုင်တယ်လို့ လည်း ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၁၀လအတွင်း ပြည်သူ ၁၃၀၀ခန့်ကို အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းကာလ ၁၀လအတွင်း အပြစ်မဲ့ပြည်သူ ၁၃၀၀ခန့်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကထုတ်ပြန်ပါတယ်။ ဖေဖေါ်ဝါရီ၁ရက်နေ့ကနေနိုဝင်ဘာ၃၀နေ့အထိ AAPPကောက်ယူထားတဲ့စာရင်းအရ ကျဆုံးပြည်သူ ၁၂၉၉ဦး အထိရှိလာပြီဖြစ်ပြီး အမှန်တကယ်ကျဆုံးသူဟာ အဲဒီစာရင်းထက်ပိုများနိုင်တယ်လို့သိရပါတယ်။ ၁၀လတာအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူ [ဆက်လက်ဖတ်ရှုရန်]