ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ကြီးမြို့နယ် စည်ပင်ဝန်ထမ်းရုံးမှာ ဗုံးနှစ်လုံး ပေါက်ကွဲ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စည်ပင်ဝန်ထမ်းရုံးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး မီးသတ်ရုံးဝင်းနဲ့ မြို့နယ်အခွန်ဦးစီးဌာနရုံးတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့ပတ်လမ်းပေါ်မှာရှိတဲ့ စည်ပင်ဝန်ထမ်းရုံးကို ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု တပ်စွဲထားတဲ့ ဝါဝါဝင်းကုမ္ပဏီ လုံခြုံရေးဂိတ်မှာ ဗုံး ၂ လုံးပေါက်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အဝေးပြေးကားဝန်းအနီးမှာရှိတဲ့ စစ်အုပ်စုတပ်စွဲထားတဲ့ ဝါဝါဝင်း ဆောက်လုပ်ရေးကုမ္ပဏီလုံခြုံရေးဂိတ်မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့ပြတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ MDRFအဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ “ဗုံးပေါက်တာတော့ဟုတ်တယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက မောခီးစခန်းမှာ ပြန်လည်တပ်စွဲ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ သိမ်းပိုက်ခဲ့တဲ့ မြဝတီမြို့ တောင်ပိုင်းမှာရှိတဲ့ မောခီးစခန်းကို အကြမ်းဖက်စစ်အုပ်စုက ပြန်လည်တပ်စွဲနေရာယူထားတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပြန်ကြိုးတုပ် မီးရှို့ထားတဲ့ ရုပ်အလောင်း ဒီးမော့ဆိုမှာ တွေ့ရှိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ မီးရှို့ထားတဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF B-09) က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ KNDF B-09 နယ်မြေအတွင်း နယ်မြေ ရှင်းလင်းရေးပြုလုပ်စဉ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦး ကျည်ထိမှန်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦးဟာ အကြမ်းဖက်စစ်သားရဲ့လက်ချက်နဲ့ ကျည်ထိမှန်ကာ ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီ ၃၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ ၁၀ တန်းစာမေးပွဲဖြေနေတဲ့ ကျောင်းသားကို လာစောင့်နေသူ ကျောင်းသားမိခင်တစ်ဦးဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပင်းတယမြို့အနီး တိုက်ခိုက်မှုမှာ ကလောအခြေစိုက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်နှစ်ဦးကျဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နားက အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးဂိတ်တဲကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ကလောအခြေစိုက်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ကလောမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Underground Revolution – UGRအဖွဲ့ကဖြစ်တယ်လို့ အောင်ပန်းမြိုပြပျောက်ကျားတပ်စုက သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီ ၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာစစ်တပ်ကို အချိန်မီ ပြတ်ပြတ်သားသား အရေးယူဖို့ သံအမတ်ကြီး တောင်းဆို

စစ်တပ်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ဆိုးဝါးစွာ ဒုက္ခဆင်းရဲတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချိန်မီ ပြတ်ပြတ်သားသားအရေးယူပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဧပြီလ ၅ ရက်နေ့၊ ကုလသမဂ္ဂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟန်ဂေရီမှာ ရထားကို ထရပ်ကားဝင်တိုက်လို့ လူ ၅ဦးသေဆုံး

ဟန်ဂေရီနိုင်ငံတောင်ပိုင်းမှာ ဧပြီလ ၅ရက်နေ့ မနက်အစောပိုင်းက ထရပ်ကားတစ်စီးက ရထားကိုတိုက်မိလို့ လူ ၅ဦးသေဆုံးပြီး နောက်ထပ် ၁၀ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟန်ဂေရီ – ဆားဘီးယားနယ်စပ်အနီး မင့်ဒ်ဇန့်မြို့က ရထားလမ်းမှာ အခုလိုမတော်တဆဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ဦးစလုံးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်း ကျေးရွာတွေထဲ အကြမ်းဖက်စစ်တပ် ဆက်လက်မွှေနှောက်လုယက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်လုယက်နေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ် ပထမစစ်ကြောင်းဟာ မိုးကွဲ-ချင်းယား-ညောင်ပင်ရွာကနေတစ်ဆင့် ဝါဘိုးရွာထဲ ဝင်မွှေနေပြီးဒုတိယစစ်ကြောင်းဟာ နန်းဦးရွာ ကနေတစ်ဆင့် ကူနီရွာထဲရောက်ရှိ မွှေနှောက်နေပါတယ်။ တတိယစစ်ကြောင်းကတော့ ရေယှားကျေးရွာကနေတစ်ဆင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ NUG ဝန်ကြီးပြေ

အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင် နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် အဲဒီလိုဆွေးနွေးခဲ့ကြာင်း NUG ဝန်ကြီးက [ဆက်လက်ဖတ်ရှုရန်]