နိုင်ငံတကာရေးရာ

ကုလလူ့အခွင့်အရေးကောင်စီမှာ ရုရှားကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်း

ယူကရိန်းမှာ လူ့အခွင့်အရေး ကျူးလွန်မှုတွေနဲ့ ပတ်သတ်ပြီး ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ ဧပြီလ ၇ရက်နေ့က ကုလအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်အပါအဝင် ၉၃နိုင်ငံက ရပ်ဆိုင်းဖို့ ထောက်ခံမဲ ၊ ၂၄နိုင်ငံက ကန့်ကွက်မဲနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အလင်းဝင်ရင် ဆုငွေ ကျပ်သိန်းတစ်သောင်းချီးမြင့်မယ်

အာဏာသိမ်း စစ်အုပ်စုဝင်တွေအနေeJh လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်အပါအဝင် စက်ယာဉ်ယန္တယားတွေနဲ့ အလင်းဝင်လာရင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်သိန်း၁၀,၀၀၀ ချီးမြင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့နယ် ဒေါညေးခူရွာမှာ ကင်းစောင့်နေတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၃ ဦးသေ

ကရင်နီပြည် (ကယားပြည်နယ်) ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း လမ်းမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KA နဲ့ KNDFတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၃ဦးသေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုခန့်အုပ်ကြီးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပစ်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံကျေးရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနဲ့ ပျူစောထီးအဖွဲ့ ကိုရွှေနန်းဆိုသူကို BLACK WOLF – PDFက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၇ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေဘို-ကျောင်မြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ Mytelရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု အတိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းပေါ်မှာရှိတဲ့ စစ်အုပ်စုခေါင်းဆောင်ပိုင် Mytelရုံးမှာ လုံခြုံရေးရယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၁နာရီခွဲလောက်က ဗိုလ်တုပ်လေးဦးဆောင်တဲ့ မြို့ပေါ်ပြောက်ကျားအဖွဲ့က 79သေနတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

နယ်မြေစိုးမိုးဖို့ အားပြိုင်နေတဲ့ စစ်ကိုင်းတိုင်း

■ ပြည့်ဖြိုး စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင်အပြင်းအထန် တော်လှန်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ချေမှုန်းဖို့ စစ်ဗိုလ်ချုပ်ကြီးတွေ ၂၀၂၁ အောက်တိုဘာလက အကြီးအကျယ်ပြင်ဆင်လာတဲ့ အနော်ရထာစစ်ဆင်ရေးဟာ မြေပြင်ထိုးစစ်ဆင်ပြီး ၅လကျော်ကြာတဲ့အထိ ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ တော်လှန်ရေးအင်အားစုတွေနှင့် ဒေသခံတို့ကြား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ကြန်ပွဲတော်အတွင်း စစ်အုပ်စုက ဖောက်ခွဲမှုတွေလုပ်နိုင်တယ်လို့ သတိပေ

သင်္ကြန်ပွဲတော်မတိုင်မီနဲ့ သင်္ကြန်ပွဲတော်ကာလအတွင်း မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် အယောင်ဆောင်ပြီး ဖောက်ခွဲမှုတွေ လုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လူစည်ကားရာ နေရာတွေကိုမလုပ်ဆောင်ဖို့ ဧရာဝတီလင်းပိုင်အဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်အတွင်းမှာ စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲနဲ့ ဘာသာရေးပွဲတွေကို ကျင်းပဖို့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲထွေအုပ်ရုံးမှာ မိုင်းကွဲ၊ အရာရှိတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ သိမ်းဆည်းထားတဲ့ ရှေ့ထွက်မိုင်း၃လုံးကို ကား ပေါ်တင်စဉ် ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့နေ့ခင်း၁၂နာရီခွဲလောက်မှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တစ်ဦးခြေထောက်နှစ်ချောင်းစလုံးပြတ်ထွက်သွား ကာ နောက်တစ်ဦးက ပေါင် ထိခိုက်မှုဖြစ်ကာ ကျန်တစ်ဦးကတော့ အနည်းငယ်ထိခိုက်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလ၊ မြို့မစံပြရပ်ကွက်မှာ တစ်အိမ်တက်ဆင်းဖုန်းစစ်၊ပြည်သူ၃ ဦးဖမ်းဆီးခံ

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာပဲခူးတိုင်း၊ သက္ကလမြို့၊ မြို့မစံပြရပ်ကွက်အတွင်း တစ်အိမ်တက် ဆင်းဖုန်းလိုက်လံစစ်ဆေးပြီး ပြည်သူ၃ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဘာ့ကြောင့် ဖုန်းလိုက်စစ်သလဲဆိုတာကို အတိအကျမသိပေမယ့် ဧပြီ၆ရက်နေ့ ကမြို့မ စံပြ ရပ်ကွက်အတွင်းရှိ သက္ကလမြို့အထက်တန်းကျောင်းရှေ့ မှာ ၁၀တန်းစာမေးပွဲတင်ဖြေနေတဲ့ကျောင်းသားကို လာစောင့်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းက ပြန်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၃ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ကြရာ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်တပ်ကို ပခန်းငယ်ရွာနားနဲ့ ဇီးကုန်းရွာနား တို့မှာ ရေစကြို PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF [ဆက်လက်ဖတ်ရှုရန်]