ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်ဈေးကြိုက စစ်တပ်လုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်အတွင်းရှိ အကြမ်းဖက်စစ်တပ် လုံခြုံရေးယူထားတဲ့ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မေ ၁၁ ရက်နေ့ ည ၇ နာရီမှာ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဈေးကြိုရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၄) တည်းခိုရေးစခန်းရှေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြားကာလပညာသင်ကြားရေးအတွက် စေတနာ့ဝန်ထမ်း ၉၀၀ ဦးကျော်ကို သင်တန်းပို့ချပေး

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဖရူဆိုမြို့နယ် မယ်စဲ့မြို့နယ်တွေမှာ ကြားကာလပညာသင်ကြားရေးအတွက် ပါဝင်ကူညီနေတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ ၉၀၀ဦးကျော်ကို သင်ကြား/သင်ယူမှု ရက်တိုသင်တန်းတွေ ပို့ချပေးနိုင်ခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂက ဒီကနေ့ မေလ ၁၁ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ NUG [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စျေးသည်တွေဆီကနေ ဆိုင်ကယ်နဲ့ပိုက်ဆံတွေလုယူတဲ့ စစ်သားတစ်ဦးကို PDFတွေဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့မှာ စျေးသည်တွေဆီကနေ ဆိုင်ကယ်၊ဖုန်းနဲ့ ပိုက်ဆံတွေ လုယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဝင် စစ်သားတစ်ဦး PDFတွေက ဖမ်းဆီးရမိခဲ့တယ်လို့ Young Force (UG)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ မနေ့က မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ အတိုက်ခံရပြီး ၁ဦးသေ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအုပ်စုမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ အတိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးကာ လက်နက်ပါ သိမ်းဆည်းရမိတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကနေ့ မေလ ၁၁ရက်နေ့ ညနေ ၃နာရီလောက်မှာ ကင်းမွန်းချိုကျေးရွာနဲ့ ဘဝပင်သတ္တူမိုင်းအကြားမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်တစ်သန်း အခမဲ့ဖြန့်ဝေမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

အိမ်တွင်းဆေးခြောက်စိုက်ပျိုးခွင့်ဥပဒေသစ် သတ်မှတ်ဖို့  ဇွန်လအတွင်း နိုင်ငံတဝှမ်းကအိမ်ထောင်စုတွေကို ထိုင်းအစိုးရက ဆေးခြောက်ပင်တစ်သန်း အခမဲ့ ဖြန့်ဝေသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က အိမ်စားသီးနှံတွေလိုပဲ ဆေးခြောက်ပင်တွေကို စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့ မေလ ၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပထမဆုံး ကိုဗစ်ရောဂါစတွေ့တဲ့ မြောက်ကိုရီးယားမှာ လော့ဒေါင်းချပြီ 

မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်ရောဂါကူးစက်မှု တွေ့ရှိတယ်လို့ ဒီကနေ့ မေလ၁၂ရက်နေ့က ထုတ်ပြန်အပြီးမှာတော့ ခေါင်းဆောင်ကင်ဂျုံအန်းက နိုင်ငံတဝှန်းမြို့တွေအားလုံးကို ပိတ်ဆို့ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ မြို့တော်ပြုံယမ်းမှာ အိုမီခရွန်မျိုးကွဲကူးစက်မှုတခု တွေ့ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြောပေမယ့် ကူးစက်မှုအရေအတွက်ကိုတော့ မဖော်ပြခဲ့ပါဘူး။ ခေါင်းဆောင်ကင်ဂျုံအန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစ္စရေးလ်စစ်ဆင်ရေးအတွင်း သတင်းသမားအသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ကုလအရာရှိတွေတောင်းဆို

လူသိများတဲ့ Al Jazeera သတင်းထောက် Shireen Abu Akleh အသတ်ခံရမှုနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတွေက မေလ ၁၁ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းသမား  Shireen Abu [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သြဂုတ်လမှာ နယူးဇီလန်နယ်စပ်တွေကို ပြန်ဖွင့်မယ်လို့ ဝန်ကြီးချုပ်ပြော

သြဂုတ်လမှာ နယူးဇီလန်နယ်နမိတ်တွေကို အပြည့်အဝပြန်လည်ဖွင့်မယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က မေလ ၁၁ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အပြင်းထန်ဆုံးကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ကန့်သတ်ချက်တွေထဲက တစ်ခုကို အဆုံးသတ် လိုက်တာပါ။  “နယူးဇီလန်ဟာ ဝယ်လိုအားရှိနေပြီဖြစ်ပြီး စီးပွားရေးအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တာလီဘန်တွေရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာအမိန့်သစ်ကို  အာဖဂန်အမျိုးသမီးတွေ ကန့်ကွက်ဆန္ဒပြ

လူမြင်ကွင်းမှာ အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်ကို အပြည့်အ၀ဖုံးအုပ်ထားရမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ အမိန့်အပေါ် မေလ ၁၀ ရက်နေ့က အာဖဂန်နစ္စတန်မြို့တော်မှာ များပြားလှတဲ့အမျိုးသမီးတွေ စုဝေးပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အာဖဂန်နစ္စတန်ရဲ့ထိပ်တန်းခေါင်းဆောင်၊တာလီဘန်အကြီးအကဲ Hibatullah Akhundzada က အမျိုးသမီးတွေကို ရိုးရာအရ  Burqa [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကထိပ်သီးအစည်းအဝေးကို သပိတ်မှောက်မယ်လို့ မက္ကဆီကိုသမ္မတ ခြိမ်းခြောက်

မက္ကဆီကိုသမ္မတ López Obrador က လာမယ့်လမှာ ကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးကို သပိတ်မှောက်သွားမယ်လို့  ခြိမ်းခြောက်ထားပါတယ်။  အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့  ကျူးဘား၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို မဖိတ်ဘူးဆိုရင် မက္ကဆီကိုရဲ့ပါဝင်မှုကိုလည်း အတည်ပြုမှာမဟုတ်ဘူးလို့  မေလ ၁၀ရက်နေ့က ပြောခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]